မန်ယူအသင်းရဲ့ ဂန္တဝင် ကွင်းလယ် ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းကတော့ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ဟာ အခြား ကစားသမားတွေထက် အဆင့် ပို မြင့်ပေမဲ့လည်း မက်ဆီက အဆင့် အမြင့်ဆုံး ဖြစ်ပြီး ရော်နယ်ဒိုက မက်ဆီရဲ့ အဆင့်ကို မမှီပါဘူးလို့ ပြောကြားသွားလိုက်ပါတယ်။ ဒေးဗစ် ဘက်ခမ်းဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့စဉ်က (၂၀၁၃) ခုနှစ်မှာ ဘာစီလိုနာအသင်း နဲ့ ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် ပွဲစဉ် ကစားခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် (၃-၃) ရလဒ် ရရှိခဲ့ပေမဲ့ ဂိုးကွားခြားချက်ကြောင့် ဘာစီလိုနာအသင်းကို ရှုံးပြီး ချန်ပီယံလိဂ် ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Dailymail

ပီအက်စ်ဂျီ ကွင်းလယ် ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းက (၂၀၁၃) ခုနှစ်က ချန်ပီယံလိဂ် ဆီးမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ဦးဆောင်နေခဲ့ပေမဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဝင်ရောက်လာတဲ့ အချိန်မှာ ဘာစီလိုနာအသင်း ဂိုးသွင်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒေးဗစ် ဘမ်းခမ်ဟာ လက်ရှိမှာတော့ အမေရိကန် အခြေစိုက် အင်တာမီယာမီအသင်းရဲ့ ဥက္ကဌ နဲ့ ဆဲလ်ဖို့စ်စီးတီးအသင်းရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်ပြီး သူက မက်ဆီလို ကစားသမားမျိုး နောက်ထပ် ရှိလာဖို့ မဖြစ်နိုင်ကြောင်း နဲ့ ရော်နယ်ဒိုက မက်ဆီရဲ့ အဆင့်ကို မမှီကြောင်း ပြောသွားပါတယ်။

Photo Credit: Dailymail

အာဂျင်တီးနား အခြေစိုက် Telam သတင်းမှာ ဒေးဗစ် ဘက်ခမ်းက “မက်ဆီက ကစားသမား တစ်ယောက်အနေနဲ့ သူ့ရဲ့ အဆင့်မှာ သူ တစ်ဦးတည်းသာ ရှိပါတယ်။ သူ့လို ကစားသမားမျိုး နောက်ထပ် တစ်ယောက် ရှိလာဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ သူလို နောက်တစ်ယောက် ကတော့ ရော်နယ်ဒို ဖြစ်ပြီး ရော်နယ်ဒိုက မက်ဆီရဲ့ အဆင့်ကိုတော့ မမှီပါဘူး။ ဒါပေမဲ့ သူတို့ နှစ်ဦးက အခြား ကစားသမားတွေထက် အဆင့် ပိုမြင့်ပါတယ်။ ကျွန်တော် ပီအက်စ်ဂျီ အသင်းမှာ ကစားခဲ့စဉ်က (၂၀၁၃) ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ကစားခဲ့ပြီး မက်ဆီ မဝင်လာခင်မှာ ကျွန်တော်တို့က ဦးဆောင်နေခဲ့ပါတယ်။ မက်ဆီ ဝင်လာတဲ့ အချိန်မှာ ဘာစီလိုနာအသင်း ဂိုးသွင်းခဲ့ပါတယ်။ ကျွန်တော် ရှုံးခဲ့တာကို မကြိုက်ခဲ့ပါဘူး”လို့ ပြောပါတယ်။