တောင်ပံ ကစားသမား ဒေးဗီးစ်ဟာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိသွားခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ ချစ်သူ  ပီအက်စ်ဂျီ အမျိုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဟီတီမာကသာ ချန်ပီယံလိဂ် ဆုဖလားကို ရရှိနိုင်မယ်ဆိုရင် ဘောလုံး သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် ချန်ပီယံလိဂ် ဆုဖလားကို စုံတွဲ ရရှိမှာ ဖြစ်ပါတယ်။ အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ ချစ်သူ ပီအက်စ်ဂျီ အမျီုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဟီတီမာဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ဖို့ ဆီမီး ဖိုင်နယ်ပွဲစဉ် ကစားရဦးမှာ ဖြစ်ပြီး ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ပွဲစဉ်မှာတော့ လိုင်ယွန် အမျိုးသမီးအသင်းနဲ့ ယခုအပတ် ဗုဒ္စဟူးနေ့ညမှာ ယှဉ်ပြိုင် ကစားသွားရမှာ ဖြစ်ပါတယ်။

Photo Credit: as

ပီအက်စ်ဂျီအမျီုးသမီး အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ် အမျီုးသမီး အသင်းကို (၂-၁) နဲ့ အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်မှာ အနိုင်ရရင် ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာ အမျီုးသမီးအသင်း ဒါမှမဟုတ် ဝုဖ်ဘတ် အမျီုးသမီးအသင်းနဲ့ ကစားသွားရမှာပါ။ ပီအက်စ်ဂျီ အမျီုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ဟီတီမာဟာ လက်ရှိရာသီမှာ လိဂ်ပွဲစဉ် (၁၁) ပွဲ ကစားထားပြီးရာမှာ သွင်းဂိုး (၁) ဂိုး သွင်းယူထားတာ ဖြစ်ပြီး ပီအက်စ်ဂျီု အမျီုးသမီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၁၉) ပွဲ ကစားထားရာမှာတော့ ပြိုင်ပွဲစုံ သွင်းဂိုး (၅) ဂိုး သွင်းယူပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: as

ဘိုင်ယန် အမျီုးသားအသင်းရဲ့ တောင်ပံ ကစားသမား ဒေးဗီးစ် နဲ့ ပီအက်စ်ဂျီ အမျဳုးသမီးအသင်းရဲ့ တိုက်စစ်မှူး ဟီတီမာတို့ဟာ နိုင်ငံတူ၊ ကနေဒါနိုင်ငံသား/ နိုင်ငံသူတွေ ဖြစ်ကြပြီး ဘောလုံး သမိုင်း တစ်လျှောက် နဲ့ ချန်ပီယံလိဂ် သမိုင်း တစ်လျှောက်မှာ မဖြစ်ဖူးတဲ့ စံချိန်သစ်ကို ရရှိဖို့ သိပ် နီးစပ်နေပြီ ဖြစ်ပါတယ်။ ဒေးဗီးစ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ဘိုင်ယန်အသင်းကို (၁-ဝ) နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဆုဖလားကို ရရှိသွားခဲ့ပြီး ဟီတီမာရဲ့ ပီအက်စ်ဂျီအသင်းကသာ ချန်ပီယံလိဂ် ဆုဖလား ရရနိုင်မယ် ဆိုရင် ချန်ပီယံလိဂ် ဖလား ရရှိတဲ့ ပထမဆုံး စုံတွဲ ဖြစ်လာမှာပါ။ ဒေးဗီးစ်ဟာ ဘိုင်ယန် အမျီုးသားအသင်းရဲ့ ကစားသမား ဖြစ်ပြီး ဟီတီမာက ပီအက်စ်ဂျီ အမျီုးသမီး အသင်းရဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် ပြိုင်ဘက်အသင်းတွေ ဖြစ်တယ်လို့ ပြောနိုင်ပေမယ့်လည်း နှလုံးသားကတော့ ပြိုင်ဘက် မဟုတ်ဘဲ အနီးစပ်ဆုံး ချစ်သူတွေ ဖြစ်နေကြပါတော့တယ်။