လာမယ့်နွေစျေးကွက်မှာ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို လက်လွတ်သွားရဖွယ် ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီးနေရာမှာ အစားထိုးသွားဖို့အတွက် ဘင်ဖီကာအသင်းရဲ့ တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ပစ်မှတ်ထားလို့နေပြီး နူနက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)လောက်အထိနဲ့ပါ ကမ်းလှမ်းသွားဖွယ်ပါ ရှိနေတယ်လို့ သိရပါတယ်။

Man Utd continue pursuit of Benfica striker Darwin Nunez

Photo Credit : 90Min

၂၀၁၄ခုနှစ်ထဲက ဒေါ့မွန်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ပိုလန်တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ဘိုင်ယန်အတွက် ပွဲပေါင်း(၃၇၀)မှာ (၃၄၁)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး အသင်းကိုပါ ဆုဖလားအောင်မြင်မှုများစွာ ရယူပေးထားနိုင်ပေမယ့် သူရဲ့စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ်မှာ သက်တမ်းကုန်တော့မှာ ဖြစ်သလို ဘိုင်ယန်ဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားမှုကိုလည်း လီဝန်ဒေါစကီးဘက်က ပြန်လည်တုံ့ပြန်ခြင်း မရှိတဲ့အပြင် ကစားသမားကပါ အခြား ကလပ်အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဘိုင်ယန်ဘက်က လီဝန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်မှူးတစ်ဦးကို ရှာဖွေလာခဲ့တာ ဖြစ်ပါတယ်။

Not afraid' - Darwin Nunez makes Liverpool claim after Benfica Champions  League defeat - Liverpool Echo

Photo Credit : Liverpool Echo

လက်ရှိမှာတော့ ဘိုင်ယန်ဟာ ဘင်ဖီကာအသင်းရဲ့ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေရပြီး ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၈၀)လောက်အထိ အသုံးပြုသွားဖို့ပါ အစီအစဉ် ရှိနေတယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Fichajes က ဖော်ပြသွားခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွှယ် နူနက်ဇ်ဟာ ဘင်ဖီကာအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားလေးဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ထိ ပို့ဆောင်နိုင်ခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုးပေါင်း (၃၂)ဂိုးထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ ဂိုးသွင်းအားကောင်းမွန်တဲ့ နူနက်ဇ်ကို ဘိုင်ယန်အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး ဘင်ဖီကာအသင်းဘက်ကလည်း သူတို့ ကစားသမားကို အသင်းမှာပဲ ဆက်ထိန်းထားချင်ပေမယ့် မဖြစ်မနေ ရောင်းချရမယ်ဆိုရင်တော့ အတွက် ပြောင်းရွှေ့ကြေးများစွာနဲ့ ကမ်းလှမ်းလာမယ့် အသင်းကိုသာ ရောင်းချသွားဖွယ် ရှိနေပါတယ်။