MySport Myanmar

လီဝန်ဒေါစကီးအတွက် ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းလာမှသာ လက်လွတ်သွားမယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ အဓိက ဂိုးသွင်းစက်ဖြစ်တဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို လုံးဝ လက်လွတ်မသွားချင်ပေမယ့်လည်း ကစားသမားဘက်က စာချုပ်သက်တမ်းတိုးဖို့ ကိစ္စကို ငြင်းပယ်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)လောက်နဲ့ ကမ်းလှမ်းလာမှသာ လက်လွတ်သွားမှာ ဖြစ်တယ်လို့ ဂျာမနီ နာမည်ကြီး Blid သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၃၃)နှစ်အရွှယ်ရှိ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ ဘိုင်ယန်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့သွင်းဂိုးတွေနဲ့ အသင်းအတွက် ဆုဖလား အောင်မြင်မှုတွေကို ရယူပေးနေတာဖြစ်သလို လီဝန်ဒေါစကီးကိုယ်တိုင်ကလည်း အသက်အရွှယ်အရ အကျပိုင်းဘက်ကို ရောက်နေပေမယ့် သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ထိန်းထားနိုင်ဆဲဖြစ်လို့ သူ့ကို ဘိုင်ယန်ဘက်နေ စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ၂၀၂၃ခုနှစ် ဇွန်လမှာ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၃၃)နှစ်အရွှယ် ရှိနေပေမယ့် တိုက်စစ်အားကောင်းနေဆဲဖြစ်တဲ့ လီဝန်ဒေါစကီးဟာ တစ်ဦးချင်း အကောင်းဆုံးဆုတွေကို ဆက်တိုက်ရယူနေနိုင်သလို ဒီရာသီမှာဆိုရင်လည်း ပြိုင်ပွဲစုံမှာ (၄၇)ဂိုးထိ သွင်းယူထားနိုင်တာကြောင့် သူ့ကို ဘိုင်ယန်ဘက်က လုံးဝလက်လွတ်မသွားချင်သလို ဘာစီလိုနာအပါအဝင် ဥရောပ ကလပ်အသင်းတွေကလည်း လာမယ့် နွေစျေးကွက်ထဲမှာပါ အရခေါ်ယူသွားချင်နေကြပါတယ်။ လတ်တလောမှာဆိုရင်တော့ လီဝန်ဒေါစကီးကို လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအသင်းက ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းမှု အမျိုးမျိုးနဲ့ ကမ်းလှမ်းသွားဖို့ပါ ပြင်ဆင်ထားသလို မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတွေကပါ လီဝန်ဒေါစကီးကို ခေါ်ယူချင်နေကြပါတယ်။ စာချုပ်အနေအထားအရ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး တကယ်လို့ သူ့ကို စာချုပ်သက်တမ်း မတိုးနိုင်ခဲ့ဘူးဆိုရင် လာမယ့်နွေမှာ စျေးနှုန်းတစ်ခုနဲ့ မဖြစ်မနေ ရောင်းထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ဘက်က သူတို့ကစားသမားကို သက်တမ်းတိုးဖို့ကို ဦးစားပေးသွားမှာဖြစ်ပြီး သက်တမ်းမတိုးနိုင်မှသာ ယူရိုသန်း(၄၀)လောက်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Exit mobile version