ဘိုင်ယန်မြူးနစ်အသင်းကတော့ summer transfer deadline day နေ့မှာ ဖူလ်ဟမ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ပါလင်ညာကို ခေါ်ယူဖို့ လုံးဝ နီးစပ်နေတဲ့ အခြေအနေမျိုးရောက်မှ အပြောင်းအရွှေ့ အပြီးမသတ်နိုင်ခဲ့တာကြောင့် ပါလင်ညာကို လက်လွတ်ခဲ့ရပါတယ်။

ဒါပေမယ့် ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ဘိုင်ယန်က လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက် ဖွင့်ချိန်မှာပဲ ပါလင်ညာကို ခေါ်ယူနိုင်ဖို့ ထပ်မံပြီး ကြိုးပမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက် (၂၈)နှစ်အရွယ်ရှိ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ပါလင်ညာဟာ ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ပြီးခဲ့တဲ့ ဘောလုံးရာသီကပဲ ဖူလ်ဟမ်အသင်းဆီ ပေါင် သန်း(၂၀)နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းနဲ့ တစ်ရာသီ ဖြတ်သန်းပြီးချိန်မှာ ပါလင်ညာရဲ့ ခြေစွမ်းတွေကို ဥရောပ ထိပ်သီး ကလပ်အသင်းတွေက ပိုမို သတိထားလာမိကြပြီး ဒီအသင်းတွေကြားကမှ ဘိုင်ယန်က ပါလင်ညာကို ပြောင်းရွှေ့ကြေး ယူရို (၆၅)သန်းနဲ့ ကမ်းလှမ်းခဲ့ရာ သဘောတူညီချက်လည်း ရရှိခဲ့ပါတယ်။

Photo Credit : Twitter

ဘိုင်ယန်က ပါလင်ညာနဲ့ transfer deadline day နေ့မှာပဲ here we go နိုင်ခဲ့ပြီး ပါလင်ညာကိုယ်တိုင်ကလည်း မြူးနစ်မှာပဲ ဆေးစစ်မှုတွေ လုပ်ဆောင်ပြီး အသင်းပြောင်းဖို့ အဆင့်သင့် ဖြစ်နေချိန်မှ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ စာရွက်စာတမ်း အပြီးသတ် မလုပ်ဆောင်နိုင်လို့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

ဘိုင်ယန်ရော ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်ပါ အသင်းအတွက် ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူချင်နေတာကြောင့် လာမယ့် ဆောင်းဈေးကွက် ပြန်ဖွင့်ချိန်မှာပဲ နွေတုန်းက မခေါ်လိုက်နိုင်ခဲ့တဲ့ ပါလင်ညာကို ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနိုင်ပြီး ပါလင်ညာကလည်း ဘိုင်ယန်ကို သေချာပေါက် ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။