ဒီနှစ်နွေမှာ ဘိုင်ယန်မြူးနစ်အသင်းကနေ သေချာပေါက် ထွက်ခွာသွားတော့မယ့် ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးဟာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး အပြောင်းအရွှေ့လည်း ဖြစ်ပေါ်လာဖို့ နီးစပ်လျက် ရှိနေပေမယ့် ဘိုင်ယန်ဘက်ကတော့ သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၅၀)လောက် အလိုရှိနေတယ်လို့ SPORT သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

For Lewandowski, Bayern is history', says his agent

Photo Credit : Yahoo News Singapore

ပိုလန်လက်ရွေးစင် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ၂၀၁၄ခုနှစ်ကတည်းက ဘိုင်ယန်မြူးနစ်အသင်းမှာ စတင်ပါဝင်ကစားခဲ့သလို ချန်ပီယံလိဂ် အပါအဝင် ဘွန်ဒစ်လီဂါဖလား ပိုကယ်ဖလား ဥရောပစူပါဖလားတို့ကို ပိုင်ဆိုင်နိုင်ခဲ့ရပြီး အသင်းအတွက်ကိုလည်း (၈)ရာသီအတွင်း ပြိုင်ပွဲစုံ သွင်းဂိုးစုစုပေါင်း (၃၄၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာကြောင့် အသင်းဘက်က သက်တမ်းတိုးချင်နေပေမယ့် လီဝန်ဒေါစကီးကတော့ သက်တမ်းတိုးဖို့ ငြင်းဆန်ထားခဲ့ရတဲ့အပြင် သက်တမ်းမကုန်ဆုံးခင်မှာပဲ အသင်းကနေ ထွက်ခွာချင်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

Embarrassing!' - Lewandowski behaviour hammered by ex-Poland international as Bayern Munich striker continues crusade to leave | Goal.com

Photo Credit : Goal

ဘိုင်ယန်ကနေ ထွက်ခွာချင်နေတဲ့ လီဝန်ဒေါစကီးကို လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းက အလိုရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာကို ပြောင်းရွှေ့ချင်နေပေမယ့် ဘိုင်ယန်ဘက်က သူတို့ရဲ့ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀) ပေါင်(၄၃)သန်းဝန်းကျင်လောက်အထိကို အလိုရှိနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း (၁၀)နှစ်စာလောက် သက်တမ်းရှိတဲ့ ရုပ်သံထုတ်လွှင့်ခတွေကို ရောင်းချပြီး အဲ့ဒီရောင်းချမှုကနေ ယူရိုသန်း(၇၀၀)လောက် ဝင်ငွေရှိလာနိုင်တဲ့အတွက် ဒီပမာဏကနေ ကစားသမားသစ် ခေါ်ယူမှုအပိုင်းမှာ ယူရိုသန်း(၂၀၀)လောက်ကို အသုံးပြုလာနိုင်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ main target လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)အပြင် အပိုဆုကြေးတွေနဲ့ စုစုပေါင်း ယူရိုသန်း(၅၀)လောက်နဲ့ ထပ်မံကမ်းလှမ်းနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လီဝန်ဒေါစကီးကို ဘာစီလိုနာအပြင် ပီအက်စ်ဂျီ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်တို့လည်း အလိုရှိနေကြပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် အခြားအသင်းတွေထက် ကတ်တလန်ဒေသကိုသာ ခရီးနှင်ဖွယ် ရှိနေပါတယ်။