ဒေါ့မွန်အသင်း နဲ့ ဘိုင်ယန်အသင်းရဲ့ နည်းပြဟောင်း အော့တ္တမ ဟစ်ဇ်ဖဲလ် (Ottmar Hitzfeld) က ဒေါ့မွန် တိုက်စစ်မှူး ဟာလန်းဟာ ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးလို ဖြစ်လာနိုင်ပေမယ့် လီဝန်ဒေါ့စကီးလို ဖြစ်လာဖို့ အဆင်သင့် မဖြစ်သေးပါဘူးလို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ (၁၉) နှစ်အရွယ် ဟာလန်းဟာ ရက်ဘူးလ် ဆာဘတ့်ချ်အသင်းမှာ ကစားခဲ့စဉ်က ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဒေါ့မွန်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပြီး ဒေါ့မွန်အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွ့မှာ မန်ယူအသင်း နဲ့ ရီးရဲလ်အသင်းကို အနိုင်ယူပြီး ဟာလန်းကို ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းကို ရောက်ရှိလာတဲ့ အချိန်မှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပုံမှန် ခြေစွမ်းကို ဆက်လက် ထိန်းထားနိုင်ခဲ့ပြီး ကိုရိုနာ ဗိုင်းရပ် ဖြစ်ပြီးနောက် ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ ပထမဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ဟာလန်းဟာ လက်ရှိရာသီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ပွဲစဉ် (၁၀) ပွဲ ကစားထားပြီးရာမှာ သွင်းဂိုး (၁၀) ဂိုး သွင်းယူခဲ့ပြီး ဒေါ့မွန် နည်းပြဟောင်း ဟစ်ဇ်ဖဲလ်က ဟာလန်းကို ဘိုင်ယန် တိုက်စစ်မှူး လီဝန်ဒေါ့စကီးလို ဖြစ်လာနိုင်ပါတယ်လို့ Goal သတင်းမှာ အခိုင်အမာ ပြောကြားသွားပါတယ်။

Photo Credit: Goal

Goal နဲ့ SPOX မှာ အော့တ္တမ ဟစ်ဇ်ဖဲလ်က “ဟာလန်းက လီဝန်ဒေါ့စကီးလို့ ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် ဟာလန်းက လီဝန်ဒေါ့စကီးလို ဖြစ်လာဖို့အတွက် အဆင်သင့် မဖြစ်သေးပါဘူး။ ဒါပေမယ့်လည်း ဟာလန်းက ဒေါ့မွန်အသင်းကို ပြောင်းလာတာဟာ မယံနိုင်စရာ အပြောင်းအရွေ့ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင် ဟာလန်းက ကောင်းမွန်တဲ့ ကစားသမား ဖြစ်နေပြီးသား ဖြစ်လို့ပါ။ သူက အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်နေပြီ။ အရည်အချင်းကောင်း ရှိတယ်။ ဂိုးရှေ့မှာ ဆိုရင် တိုးအားကောင်းတယ်။ သူ့ရဲ့ ခန္စကိုယ် အရွယ်အစားက ကြီးပေမယ့် မယုံနိုင်စရာ ကောင်းအောင်ကို လျှင်မြန်ပါတယ်”လို့ အခိုင်အမာ ပြောကြား သွားလိုက်ပါတယ်။