ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ဟာရီကိန်းကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် plan b အနေနဲ့ ဂျုဗင်တပ်စ် တိုက်စစ် ကစားသမား ဒူဆန် ဗလာဟိုဗစ် နဲ့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးလေး ယူလီယန် အဲလ်ဗာရက်ဇ်တို့ကို ဆက်လက် ကြိုးပမ်းလာနိုင်တယ်လို့ ဂျာမန် သတင်းစာ Blid က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်က အသင်း တိုက်စစ်ပိုင်းအတွက် စပါးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိန်းကို အမှန်အကန် အလိုရှိနေပြီး ပေါင် သန်း (၇၀) + အပိုဆုကြေးတို့နဲ့ ထပ်မံ ကမ်းလှမ်းထားပေမယ့်လည်း စပါးဘက်ကတော့ ဒီကမ်းလှမ်းမှုကို လက်မခံသေးပဲ ရှိနေရာ တခြား ကစားသမားတွေကို ပြောင်းလဲ ပစ်မှတ်ထားရဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း ဘိုင်ယန်က မာနေးကို ယူရို သန်း (၂၀)လောက်နဲ့ ရောင်းချသွားဖို့ ရှိနေတာကြောင့် တိုက်စစ်ပိုင်းကို မဖြစ်မနေ အားဖြည့်ကို လိုအပ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဒါကြောင့် ဘိုင်ယန်က ကိန်းကိုသာ မရတော့နိုင်ဘူးဆိုရင် တခြားသော option အဖြစ် ဗလာဟိုဗစ် နဲ့ အဲလ်ဗာရက်ဇ်တို့ကို ကြိုးပမ်းလာနိုင်ဖွယ် ရှိနေပါတယ်။ ဒီကစားသမားနှစ်ဦးထဲမှာ အာဂျင်တီးနား ကြယ်ပွင့်လေး အဲလ်ဗာရက်ဇ်က မန်စီးတီးအသင်းကနေ အငှားနဲ့ရော အပြီးသတ်နဲ့ပါ ထွက်ခွာဖွယ် မရှိသလို မန်စီးတီးကလည်း သူတို့ ကစားသမားလေးကို ဘယ်လိုနည်းနဲ့မှ လက်လွတ်သွားဖို့ မရှိတာကြောင့် ဗလာဟိုဗစ်ကသာ ဘိုင်ယန်အတွက် ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Twitter

ဆာဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်က ဒီနွေမှာ ဂျုဗင်တပ်စ်အသင်းနဲ့ သေချာပေါက် လမ်းခွဲဖွယ် ရှိနေပြီး သူ့ကိုလည်း ပီအက်စ်ဂျီ ချယ်လ်ဆီးအသင်းတို့က စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒါကြောင့် ဘိုင်ယန်အနေနဲ့ ကိန်းကိုသာ မခေါ်ယူနိုင်ဘူးဆိုရင် ဗလာဟိုဗစ် race ထဲကို ပါဝင်လာဖို့ ရှိနိုင်ပြီး ဗလာဟိုဗစ်အနေနဲ့လည်း စီးရီးအေကနေ ပရီးမီးယားလိဂ် ဘွန်ဒက်စ်လီဂါ လီဂူး ဘယ်ပြိုင်ပွဲဆီကို ရွေးချယ်သွားမလဲဆိုတာ ဆုံးဖြတ်သွားရဖွယ် ရှိနေပါတယ်။