ဒီနွေဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ပစ်မှတ် ဖြစ်နေရတဲ့ မေဆန်မောင့်ကို ယူနိုက်တက်ဘက်က (၃)ကြိမ်အထိ ကမ်းလှမ်းထားခဲ့ရာ အဆင်မပြေနိုင်သေးချိန် ဘိုင်ယန်မြူးနစ်က မောင့်ကို ယူနိုက်တက်လက်ထဲကနေ ကြားဖြတ် ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Bayern Munich are reportedly interested in hijacking Man United's bid for Mason Mount

Photo Credit : Daily Mail

ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အင်္ဂလန် ကွင်းလယ် ကစားသမား မေဆန်မောင့်ကို မန်ယူနိုက်တက်အသင်းက ပေါင် သန်း(၄၀) နဲ့ တစ်ကြိမ် ၊ ပေါင် သန်း(၅၀)နဲ့ တစ်ကြိမ် နောက်ဆုံး ပေါင် (၅၅)သန်းနဲ့ တစ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းမှုတိုင်းကို ချယ်လ်ဆီးက ပယ်ချထားခဲ့ပြီး ပေါင် (၆၅)သန်းနဲ့ ကမ်းလှမ်းမှသာ လက်ခံသွားမယ်လို့ အသိပေးလိုက်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ချယ်လ်ဆီး အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ မောင့်ကို ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိပဲ လက်လျော့လိုက်ဖို့သာ ရှိနေတဲ့အတွက် မောင့်အခြေအနေကို ဘိုင်ယန်ကပါ ပြန်လည် စောင့်ကြည့်လာခဲ့ပါတယ်။

The two worked and won the Champions League together in the Premier League at Chelsea

Photo Credit : Daily Mail

ဘိုင်ယန်နည်းပြ သောမတ်စ်တူဟယ်လ်နဲ့ မေဆန်မောင့်တို့ဟာ ချယ်လ်ဆီးအသင်းမှာ လက်တွဲခဲ့ကြဖူးတဲ့ ဆရာတပည့်တွေဖြစ်ပြီး တူဟယ်လ် ဘိုင်ယန်ကို စတင် ကိုင်တွယ်စဉ်အတွင်းမှာပဲ မောင့်က ဘိုင်ယန်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ မောင့်ကလည်း ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ညှိနှိုင်းရာမှာ လစာပိုင်း အဆင်မပြေမှု ဖြစ်ပေါ်ထားခဲ့တာကြောင့် အခု ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားချင်နေပြီး ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ပါ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ မောင့်ကို ယူနိုက်တက်ဘက်က ခေါ်ယူဖို့ လက်လျော့လိုက်ဖွယ် ရှိနေပြီး တူဟယ်လ်ရဲ့ ဘိုင်ယန်ကသာ ဆက်လက် ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘိုင်ယန်ဘက်ကလည်း မောင့်အတွက် ချယ်လ်ဆီး အလိုရှိနေတဲ့ ပေါင် (၆၅)သန်းလောက်နဲ့ ကမ်းလှမ်းလာပါ့မလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။