ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ (၁၀)နှစ်ဆက်တိုက် စံချိန်တင် ဗိုလ်စွဲထားနိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာလည်း အသင်းကို အတောင့်တင့်ဆုံးပုံစံ ဖြစ်နေစေဖို့အတွက် နွေစျေးကွက် ဖွင့်လှစ်ချိန်မှာ ထိပ်တန်းကစားသမားတွေကို ခေါ်ယူသွားချင်နေပြီး လက်ရှိမှာတော့ လီဗာပူးလ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ခေါ်ယူသွားဖို့အတွက် ကစားသမားရဲ့ အေးဂျင့်နဲ့ပါ ချိတ်ဆက်မှုတွေ လုပ်ဆောင်နေတယ်လို့ Sky Germany ကနေ ဖော်ပြလာခဲ့ပါတယ်။

Liverpool superstar Sadio Mane is a summer target for Bayern Munich

Photo Credit : The Sun

Sky Germany ရဲ့ ဖော်ပြချက်တွေအရ ဘိုင်ယန်မြူးနစ်အသင်းမှာ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွှက်နေတဲ့ ဟာဆန်ဆာလီဟာမစ်ဇစ်ဟာ မာနေးရဲ့ အေးဂျင့်ဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်နေခဲ့ပြီး မာနေးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဘိုင်ယန်နဲ့ လီဗာပူးလ်အသင်းတို့ကြား ညှိနှိုင်းမှုတွေ မပြုလုပ်ရသေးပေမယ့်လည်း ဘိုင်ယန်ဘက်ကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် ရှေ့ဆက်ကြိုးပမ်းသွားဖို့ကို စိတ်အားထက်သန်နေပါတယ်။

Bayern Munich 'want Sadio Mane' amid “difficult” contract talks - Liverpool  FC - This Is Anfield

Photo Credit : This is Anfield

မာနေးနဲ့ သူရဲ့အသင်းဖော် မိုဟာမက်ဆာလာတို့နှစ်ဦးဟာ လာမယ့် ၂၀၂၃ခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာပဲ သူတို့နှစ်ဦးလုံးရဲ့ စာချုပ်သက်တမ်းတွေက ကုန်ဆုံးသွားတော့မှာဖြစ်ပြီး လက်ရှိမှာတော့ လီဗာပူးလ်အသင်းဘက်က မာနေးထက် မိုဆာလာရဲ့ စာချုပ်ကိုသာ သက်တမ်းထပ်တိုးနိုင်ဖို့ ဦးစားပေး ဆောင်ရွှက်နေတာဖြစ်သလို လီဗာပူးလ်နဲ့ မာနေးတို့ကြားမှာပါ စာချုပ်သစ်ကိစ္စ ညှိနှိုင်းဖို့အတွက် ခက်ခဲလျက် ရှိနေရပါတယ်။ ဒီလိုအခြေအနေမျိုး ရှိလို့နေတဲ့ မာနေးကို ဘိုင်ယန်ဘက်က ခေါ်ယူသွားဖို့ အထူးစိတ်ဝင်စားလို့နေပြီး ဘိုင်ယန်အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ်ကိုယ်တိုင် ဘိုင်ယန်နဲ့စတုဂတ် ပွဲအပြီးမှာပဲ သူတို့အသင်းအနေနဲ့ လာမယ့်နွေစျေးကွက်အတွင်း အံ့အားသင့်စဖွယ် အပြောင်းအရွှေ့တွေကို ကြီးကြီးမားမား ဆောင်ရွှက်သွားမှာဖြစ်ကြောင်းနဲ့ ထိပ်တန်းကစားသမားတွေ ခေါ်ယူအားဖြည့်သွားမှာဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်ရဲ့ပစ်မှတ် မာနေးအနေနဲ့ လီဗာပူးလ်ကနေ မထွက်ခွာသွားချင်ပေမယ့် သူရဲ့တစ်ပတ်လုပ်ခကို ပေါင်(၂၅၀၀၀၀)ကနေ ပေါင်(၃)သိန်းလောက်အထိ တောင်းဆိုထားမှုအပေါ် လီဗာပူးလ်ဘက်က လိုက်လျောမှု ရှိမရှိ ဆက်လက်စောင့်ကြည့်သွားဖွယ် ရှိနိုင်ပါတယ်။