ကိုဗစ်ကြောင့် ပြွတ်သိပ်နေတဲ့ ဘောလုံးပွဲစဉ်ဇယားတွေကို တောက်လျှောက်ကြည့်ရှုနေရတဲ့ ကျွန်တော်တို့ရဲ့ ဘောလုံးဝါသနာရှင်တွေအတွက် ဒီနေ့မှာလည်း တကယ့်ကို ပွဲကြီးပွဲကောင်းတစ်ပွဲက စောင့်ကြိုလို့နေပါတယ်။ ဒီပွဲစဉ်ကတော့ ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာအသင်းတို့ ရင်ဆိုင်တွေ့ဆုံကြမယ့် ဥရောပစူပါဖလားပြိုင်ပွဲဖြစ်ပါတယ်။ ဒီပွဲစဉ်ကို ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီနေ့ည မြန်မာစံတော်ချိန် မနက်အစော(၁)နာရီခွဲမှာ ကျင်းပမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်

နောက်ဆုံး(၅)ပွဲရလဒ်များ – (၅)ပွဲလုံးနိုင်

ဒဏ်ရာနဲ့ပွဲပယ် – ကိုးမန်း(Qဝင်နေရ) လီဝန်ဒေါစကီး(ခြေထောက်ဒဏ်ရာ) ဒေးဗီစ်(မသေချာ) ဂေါ့ရက်ဇ်ကာ(မသေချာ)

စောင့်ကြည့်ရမယ့် ကစားသမား – ဆာနေး

ဖြစ်လာနိုင်တဲ့ လူစာရင်း (၄-၃-၃)

ဂိုး – နူအာ

နောက် – ပါဗာ ဘိုတန် ဇူလာ ဒေးဗီစ်

အလယ် – ကင်မစ်ချ် မူလာ ဂေါ့ရက်ဇ်ကာ

ရှေ့ – ဆာနေး လီဝန်ဒေါ့စကီး နဘရီ

ဘိုင်ယန်ကတော့ ဒီရာသီမှာလည်း ဆက်လက်အားကောင်းနေဆဲဖြစ်ပြီး အသင်းရဲ့တိုက်စစ်ကို ဆာနေးပါရောက်လာချိန်မှာ ပိုပြီးမြိုင်ဆိုင်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ လီဝန်ဒေါ့စကီး ပါဝင်နိုင်ဖို့ မသေချာသေးတာကတော့ ဘိုင်ယန်တိုက်စစ်ကို အနည်းနဲ့အများ ထိခိုက်စေနိုင်ဖွယ် ရှိပါတယ်။ လီဝန်ဒေါစကီး မပါဝင်လာနိုင်ရင် အထောင်တိုက်စစ်နေရာအတွက် လူငယ်တိုက်စစ်မှူးတစ်ဦးကို အစားထိုးအသုံးပြုလာနိုင်ပြီး ဂိုးရဖို့အတွက်ကိုတော့ အသင်းရဲ့အားကောင်းလှတဲ့ တောင်ပံတိုက်စစ်တွေကနေပဲ ကြိုးပမ်းလာနိုင်ပါတယ်။

ဆီဗီလာ

နောက်ဆုံး(၅)ပွဲရလဒ်များ – (၅)ပွဲလုံးနိုင်

ဒဏ်ရာနဲ့ပွဲပယ် – ကော်ရှီရာ(ဒူး) ပါဘလိုပီရက်ဇ်(ကြွက်သားဒဏ်ရာ)

စောင့်ကြည့်ရမယ့် ကစားသမား – ရာကီတစ်

ဖြစ်လာနိုင်တဲ့ လူစာရင်း (၄-၃-၃)

ဂိုး – ဘူနူ

နောက် – အကူညာ ဒီယေဂိုကားလို့စ် ခွန်ဒဲလ် နာဗက်စ်

အလယ် – ရာကီတစ် ဖာနန်ဒို ဂျော်ဒန်

ရှေ့ – အိုကမ်ပို့စ် ဒီဂျောင် ဆူဆို

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဘုရင်လို့တောင် တင်စားထားရမယ့် ဆီဗီလာအသင်းက လက်ရှိမှာ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကိုသာ လက်လွတ်ထားရပြီး သူ့နေရာမှာ အကူညာနဲ့ အစားထိုးထားနိုင်တဲ့အပြင် ကစားသမားဟောင်း ရာကီတစ်ကိုလည်း ဘာစီလိုနာကနေ ပြန်လည်ခေါ်ယူထားနိုင်ခဲ့လို့ လူအင်အားက လျော့နည်းသွားဖွယ်တော့ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဆီဗီလာက လက်ရှိအချိန်ထိ လာလီဂါပွဲတွေ မကစားရသေးသလို သူတို့အသင်းရဲ့ စူပါဖလားမှတ်တမ်းတွေကလည်း ဆိုးရွှားနေပြီး (၄)ပွဲဆက်တိုက်ထိတောင် ရှံးနိမ့်ထားခဲ့ရပါတယ်။

ဒီအသင်းနှစ်သင်းလုံးဟာ ဥရောပရဲ့ထိပ်တန်းအသင်းတွေဆိုပေမယ့် ဥရောပစူပါဖလားပြိုင်ပွဲမှာတော့ အောင်မြင်မှုသိပ်မရှိလှတဲ့ အသင်းတွေလည်းဖြစ်လို့ အခုလို ထိပ်တိုက်တွေ့ဆုံချိန်မှာ စူပါဖလားရဲ့ချန်ပီယံဖြစ်ဖို့အတွက် အကြိတ်အနယ်ကြိုးပမ်းကြဖွယ် ရှိနေပါတယ်။ နှစ်သင်းလုံးကလည်း (၂၁)ရာစုအတွင်းမှာ စုစုပေါင်း(၂)ကြိမ်သာ တွေ့ဆုံထားခဲ့ပြီး ၂၀၁ရတုန်းက ချန်ပီယံလိဂ်မှာ တွေ့ဆုံထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စူပါဖလားမှာ စပိန်ကလပ်အသင်းတွေရဲ့လွှမ်းမိုးထားမှုကို ဘိုင်ယန်တို့ ဒီတစ်ကြိမ်မှာ သေချာပေါက် ရပ်တန့်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဘိုင်ယန်တို့ (၂)ဂိုးပြတ်လောက်နဲ့ အနိုင်ယူသွားပါတယ်။