ချန်ပီယံလိဂ်ပြိုင်ပွဲကိုတော့ မနေ့ညကပဲ ပြန်လည်စတင်ကျင်းပခဲ့ပြီး နာမည်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ဂျုဗင်တပ်စ်အသင်းတို့က ပြိုင်ပွဲကနေ စောစောစီးစီး လှည့်ပြန်ထားခဲ့ရပြီး မန်စီးတီးနဲ့ လိုင်ယွန်အသင်းတွေကတော့ ကွာတားမှာဆုံတွေ့ကြတော့မှာဖြစ်ပါတယ်။ ဒီညမှာလည်း ကွာတားဖိုင်နယ် (၂)နေရာစာအတွက် အသင်း(၄)သင်းက ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ဒီထဲကမှ ဘိုင်ယန်မြူးနစ်နဲ့ချယ်လ်ဆီးတို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီး သိရှိထားရမယ့် ပွဲအချက်အလက်တွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

ဘိုင်ယန်မြူးနစ်

နောက်ဆုံး(၅)ပွဲအနေအထား – (၅)ပွဲနိုင်

ပါဝင်ဖွယ်မရှိသူများ – ကိုးမန်း(ဒဏ်ရာ) ပါဗာ(ဒဏ်ရာ)

အဓိကစောင့်ကြည့်ရမယ့်သူ – လီဝန်ဒေါစကီး

ဖြစ်နိုင်ဖွယ်လူစာရင်း (၄-၂-၃-၁)

ဂိုး – နူအာ

နောက်တန်း – ကင်မစ်ချ် ဘိုတန် အလာဘာ ဒေးဗီစ်

အလယ် – သီယာဂို ဂေါ်ရက်ဇ်ကာ

ရှေ့တန်း – ကော်တင်ဟို မူလာ နာဘရီ လီဝန်ဒေါစကီး

ချယ်လ်ဆီး

နောက်ဆုံး(၅)ပွဲအနေအထား – (၃)ပွဲနိုင် (၂)ပွဲရှံး

ပါဝင်ဖွယ်မရှိသူများ – အလွန်ဆို(ဒဏ်ရာ) အက်စ်ပီလီကွယ်တာ(ဒဏ်ရာ) ဂေးလ်မော(ဒဏ်ရာ) ဂျော်ဂျင်ဟို(ဒဏ်ရာ) မူဆွန်ဒါ(ဒဏ်ရာ) ပတ်ဒရို(ဒဏ်ရာ) ပူလီဆစ်(ဒဏ်ရာ) ဝီလီယံ(မသေချာ)

အဓိကစောင့်ကြည့်ရမယ့်သူ – ကန်တီ

ဖြစ်နိုင်ဖွယ်လူစာရင်း (၃-၄-၃)

ဂိုး – ကာဘယ်လာရို

နောက်တန်း – ဇူးမား ခရစ္စတန်ဆန် ရူဒီဂါ

အလယ် – အီမာဆန် ကန်တီ ကိုဗာဆစ် ရီစ်ဂျိမ်းစ်

ရှေ့တန်း – အိုဒွိုင်း ဂျရှး မေဆန်မောင့်

စိတ်ဝင်စားဖွယ် အချက်အလက်များ

ဘိုင်ယန်နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ချန်ပီယံလိဂ်အတွင်း ဘိုင်ယန်ရဲ့အိမ်ကွင်းမှာ တစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး အဲ့ဒီတုန်းက ဘိုင်ယန်ကပဲ ၃-၂ နဲ့ အနိုင်ယူခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်နဲ့ ချယ်လ်ဆီးတို့ဟာ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ဆုံတွေ့ခဲ့ဖူးပြီး အဲ့ဒီတုန်းက ဖိုင်နယ်ကို ဘိုင်ယန်ရဲ့အိမ်ကွင်း အလိုင်းရန့်အရီနာမှာ ကျင်းပခွင့်ရခဲ့တာဖြစ်ကာ ချယ်လ်ဆီးက ပင်နယ်တီနဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ဥရောပပြိုင်ပွဲသမိုင်းတလျှောက် ရှံးထွက်အဆင့် ပထမအကျော့ အိမ်ကွင်းပွဲစဉ်တွေမှာ (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ အသင်းတိုင်းဟာ ဒုတိယအကျော့မှာ ဘယ်လိုမှပြန်မလာနိုင်တော့ပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ရဲ့ရှံးထွက်အဆင့် အဝေးကွင်းနောက်ဆုံး(၇)ပွဲအတွင်းမှာ နိုင်ပွဲလုံးဝမရှိထားခဲ့ပဲ သရေ(၄)ပွဲကျထားခဲ့ကာ (၃)ပွဲရှံးထားခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြိုင်ပွဲကျင်းပတဲ့နှစ်အတွင်း (၈)ပွဲဆက်တိုက် အနိုင်ယူထားခဲ့ဖူးတဲ့ အသင်းက ဘာစီလိုနာတစ်သင်းတည်းသာ ရှိထားခဲ့ပေမယ့် လက်ရှိမှာတော့ ဘိုင်ယန်ကလည်း အုပ်စုအဆင့် ရှံးထွက်ပကျော့အထိ (၇)ပွဲဆက် အနိုင်ရထားသလို ဒီတစ်ပွဲနိုင်လိုက်ရင်လည်း ဘာစီလိုနာစံချိန်နဲ့ တူညီသွားတော့မှာဖြစ်ပါတယ်။