ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်(၁)ရဲ့ပွဲစဉ်အားလုံးထဲကမှ ဘောလုံးပရိသတ်တွေရဲ့စိတ်အာရုံကို အဖမ်းစားနိုင်ဆုံးဖြစ်နိုင်မယ့် ပွဲကြီးပွဲကောင်းပွဲတစ်ပွဲကိုတော့ ဒီနေ့ည(၁)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။ ဒီပွဲကတော့ လက်ရှိချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဥရောပရဲ့ ခံစစ်ကစားပုံ အကောင်းဆုံးအသင်းလို့ ဆိုရမယ့် အသက်လက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့အကြောင်းတွေကို လေ့လာမိရသလောက် ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Libero

ပထမဆုံးတော့ ဒီ(၂)သင်းရဲ့ Team News လေးနဲ့ စတင်သွားချင်ပါတယ်။ အိမ်ရှင်ဘိုင်ယန်ဘက်မှာ တောင်ပံကစားသမားဆာနေး ဒဏ်ရာရနေပြီးတော့ နာဘရီကလည်း ကိုဗစ်ပိုးကူးစက်ထားလို့ ဒီပွဲကိုလွဲပါမယ်။ ဒီတော့ ကိုးမန်းနဲ့ကော်စတာတို့ ပွဲထွက်လာဖွယ်ရှိတယ်။ အသက်လက်တီကိုဘက်ကတော့ ကော်စတာ ဟီမီနက်ဇ် ဆာအူးတို့လို Main Players တွေမပါလာနိုင်ဘူး။ နောက်ဆုံးသိထားရတဲ့ သတင်းအရ ကင်မစ်ချ်လည်း Personal Reason တစ်ခုကြောင့် ပါဝင်ကစားဖို့ မသေချာဘူးလို့ သိရပါတယ်။

Photo Credit : Lingkar Madiun

ဆိုတော့ ဒီပွဲက ဥရောပရဲ့ တိုက်စစ်အကောင်းဆုံးအသင်းနဲ့ ခံစစ်အကောင်းဆုံးအသင်းတို့ ဆုံတွေ့ကြမယ့်ပွဲဖြစ်လို့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းနေမှာပါ။ နောက်ပြီး လူးဝစ်ဆွာရက်ဇ်ပါ။ ဘိုင်ယန်ကို မနှစ်က ချန်ပီယံလိဂ်မှာ အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့ ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်းဆွာရက်ဇ်က အခု အသက်လက်တီကိုအသင်းသားအဖြစ် ဘိုင်ယန်ကို ပြန်လည်ရင်ဆိုင်ရမှာပါ။ ဘိုင်ယန်က ဒီရာသီမှာ လိဂ်ပွဲ(၃)ပွဲကစားထားတယ်။ (၃)ပွဲနိုင်တယ်။ (၁)ပွဲရှံးတယ်။ သွင်းဂိုး(၁၇)ဂိုး ရထားတယ်။ အသက်လက်တီကိုကလည်း လိဂ်ပွဲ(၄)ပွဲကစားထားတယ်။ (၂)ပွဲနိုင် (၂)ပွဲသရေကျတယ်။ (၈)ဂိုးသွင်းတယ်။ ပေးဂိုးက(၁)ဂိုးသာရှိတယ်။ ဘိုင်ယန်ကတော့ ပေးဂိုး(၈)ဂိုးရှိထားတယ်။ ဘိုင်ယန်က ရှော်ကေးကို အပီဖဲ့ခဲ့တဲ့ညကပဲ Clean Sheets ရခဲ့ပြီးတော့ ကျန်တဲ့ပွဲတွေမှာ ဂိုးပေးခဲ့ရတယ်။ ဟာသာဘာလင်နဲ့ပွဲမှာလည်း နောက်ကျပင်နယ်တီနဲ့မို့ ကပ်နိုင်ခဲ့ရတယ်။ ဒါပေမယ့် ဒီပွဲမတိုင်ခင် အာမီးနီးယားလို အသင်းငယ်နဲ့ ဆုံထားရတယ်။ အေးဆေးပဲနိုင်ထားတယ်။ ခုကစားရမှာလည်း ဂျာမန်မြေ။ နောက်ပြီး ဘိုင်ယန်က အိမ်ကွင်းမှာ ကစားရတဲဲ့ ချန်ပီယံလိဂ် အုပ်စုပွဲတွေကို မရှံးခဲ့တာက ၂၀၁၃ကတည်းကပါ။ အသက်လက်တီကိုကတော့ လာလီဂါမှာ အဖွင့်ပွဲကို ဂိုးမြူးခဲ့ပြီး နောက်(၂)ပွဲဆက် နိုင်ပွဲရော သွင်းဂိုးပါ ပျောက်ဆုံးခဲ့ရတယ်။

Photo Credit : SPORTCO

ဒီပွဲအတွက် နောက်ဆုံးကောက်ချက်ချရမယ့် အဓိကအချက်က အသက်လက်တီကီုအသင်းဟာ သူတို့နောက်ဆုံးကစားခဲ့သမျှ ချန်ပီယံလိဂ် အုပ်စုအဆင့် (၉)ပွဲမှာ ဂိုးအောက်ခဲ့တဲ့ ပွဲတွေချည်းပဲမို့လို့ ဒီပွဲလည်း နှစ်သင်းပေါင်းသွင်းဂိုးနည်းနိုင်တယ်။ ဘိုင်ယန်က ကပ်နိုင်သွားလောက်ပါတယ်။