ဘိုင်ယန်မြူးနစ်အသင်းက လာမဲ့ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် တော့တင်ဟမ်ဟော့စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းကို အရ ခေါ်ယူသွားချင်နေပြီး ကိန်းက သူတို့အသင်းအတွက် တကယ့်ကို ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးလို့ပါ ယူဆထားတယ်လို့လည်း သိရပါတယ်။

Spurs' stance on selling Harry Kane amid interest from Man Utd & Bayern  Munich

Photo Credit : 90Min

ဘိုင်ယန်အသင်းဟာ အခုနှစ်ရဲ့ နွေဈေးကွက်ထဲမှာ အသင်းအတွက် အားထားရတဲ့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးကို ဘာစီလိုနာအသင်းဆီ လက်လွတ်လိုက်ရပြီးနောက် လီဗာပူးလ်က ဆာဒီယိုမာနေးနဲ့ ပြင်သစ် ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး မာသီးစ်တယ်လ်တို့ကို ပြန်လည် ခေါ်ယူထားခဲ့ပါတယ်။ ဒီလို အစားထိုး ခေါ်ယူမှုတွေ လုပ်ဆောင်ထားခဲ့ပေမဲ့ လီဝန်ဒေါစကီးနေရာအတွက် အကောင်းဆုံး ဖြည့်တင်းမှုတစ်ခုကို ထပ်မံ လုပ်ဆောင်သွားချင်နေပြီး ဒီလို လုပ်ဆောင်သွားဖို့အတွက်ကိုလည်း စပါးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟာရီကိန်းကို ပစ်မှတ်ထားလာခဲ့ပါတယ်။

Rời xa Tottenham, Harry Kane có bến đỗ khiến cả châu Âu khiếp vía

Photo Credit : The US Sun

အသက်(၂၉)နှစ်အရွယ် တိုက်စစ်ကစားသမား ကိန်းဟာ သူရဲ့ boyhood ကလပ် စပါးအသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ရှိနေပြီဖြစ်ပြီး အသင်းအတွက်ကိုလည်း ပရီးမီးယားလိဂ် ဂိုး(၂၀၀) ပြိုင်ပွဲစုံ (၂၆၇)ဂိုး သွင်းယူပေးထားနိုင်သလို အသင်းရဲ့ legend player ကြီး ဂျင်မီဂရေ့စ်ရဲ့ စံချိန်ကိုပါ ကျော်လွန်ပြီး စပါးအသင်းရဲ့ အမြဲတမ်း ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ဒါ့အပြင် ကိန်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာလည်း စပါးအသင်းအတွက် (၂၃)ပွဲကစား (၁၇)ဂိုး သွင်းယူထားရင်း (၁)ဂိုးဖန်တီးထားနိုင်ခဲ့တဲ့အပြင် အခွင့်အရေး ဖန်တီးမှု (၃၉)ကြိမ် ဂိုးပေါက်တည့်ကန်ချက် (၄၁)ကြိမ် ဘောလုံးပေးပို့မှုပေါင်း (၄၈၇)ကြိမ် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ စပါးအသင်းအတွက် ဘောလုံးရာသီတိုင်းလိုလိုမှာ အနည်းဆုံး ဂိုး(၂၀) သွင်းယူပေးနိုင်ခဲ့ပေမဲ့ အခုအချိန်ထိ ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေဆဲဖြစ်လို့ ဆုဖလားတွေကို အမြဲတမ်းနီးပါး စိန်ခေါ်နိုင်တဲ့ ကလပ်အသင်းတွေက ကိန်းကို ခေါ်ယူဖို့ စီစဉ်လာပါတယ်။ လက်ရှိမှာတော့ ကိန်းက စပါးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေသလို ကိန်းကလည်း စပါးမှာပဲ ဆက်ရှိနေချင်ပေမဲ့ နွေဈေးကွက်ထဲ မန်ယူနိုက်တက် ဘိုင်ယန်တို့ကနေ ကမ်းလှမ်းလာမဲ့ ကမ်းလှမ်းချက်တွေကြောင့်လည်း သူ့အနာဂတ်ကို ပြန်လည် စဉ်းစားလာဖွယ်ပါ ရှိနိုင်ပါတယ်။