MySport Myanmar

နည်းပြ တူဟယ်လ်ကိုပဲ ဆက်လက် ယုံကြည်နေသေးတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိ အခြေအနေမှာ ရလဒ်ပိုင်းတွေနဲ့ အသင်းစွမ်းဆောင်ရည်တွေ ကျဆင်းနေသည့်တိုင် အသင်းနည်းပြ သောမတ်စ် တူဟယ်လ်အပေါ်မှာ ဆက်လက် ယုံကြည်နေလျက် ရှိနေတယ်လို့ ဂျာမန်သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

ဒေါ့မွန် ချယ်လ်ဆီး ပီအက်စ်ဂျီ နည်းပြဟောင်း တူဟယ်လ်ကို ဘိုင်ယန်အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီကုန်ဆုံးခါနီး လပိုင်းအလိုလောက်မှာပဲ နာဂယ်စမန်း နေရာမှာ အစားထိုး ခန့်အပ်ခဲ့ပြီး တူဟယ်လ်က အဲ့ဒီရာသီမှာပဲ ဘွန်ဒက်စ်လီဂါဖလားကို ခက်ခက်ခဲခဲ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဒါပေမယ့် ဒီရာသီထဲမှာတော့ တူဟယ်လ်က ဒေသတွင်း ဖလား (၂)ခုဖြစ်တဲ့ ပိုကယ်ဖလား စူပါဖလားတို့ကို လက်လွတ်လိုက်ရပြီ ဖြစ်သလို ဘွန်ဒက်စ်လီဂါမှာလည်း ဇယားထိပ်က လေဗာကူဆင်နဲ့ (၅)မှတ် ကွာဟနေရပြီး ချန်ပီယံလိဂ်မှာပါ လာဇီယိုကို (၁၆)သင်းအဆင့် ပကျော့ပွဲမှာ ရှုံးနိမ့်ခဲ့ရပါတယ်။

ပိုဆိုးတာကတော့ ဘိုင်ယန်ဟာ လေဗာကူဆင်ကို (၃)ဂိုးပြတ်နဲ့ အပြတ်အသတ် ရှုံးနိမ့်ရတဲ့ ပွဲစဉ်မှာ တစ်ပွဲလုံးရဲ့ Shot on target က (၁)ကြိမ်တည်းသာ ရှိခဲ့သလို လာဇီယိုနဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင်လည်း ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှ မရှိတဲ့အထိ အခြေအနေ ဆိုးရွှားနေရပါတယ်။

Photo Credit : Transfer News Live

ဒီလို အခြေအနေတွေကြောင့် တူဟယ်လ်ရဲ့ ဘိုင်ယန်နည်းပြ အနာဂတ်က သိပ်မကောင်းတော့ပဲ ရက်ပိုင်းအတွင်းမှာတင် ဘိုင်ယန်က သူတို့နည်းပြ တူဟယ်လ်ကို ထုတ်ပယ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေပါ ဆက်တိုက် ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် Blid သတင်းစာမှာတော့ ဘိုင်ယန်ရဲ့ တာဝန်ရှိသူတွေ အကြီးအကဲတွေကတော့ တူဟယ်လ်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု ရှိနေပြီး အသင်းကလည်း နည်းပြတူဟယ်လ် လက်ထက်မှာ ဒီခြေအနေဆိုးကနေ ရုန်းထွက်နိုင်စွမ်း ရှိမယ်လို့ပါ ယုံကြည်နေတာကြောင့် တူဟယ်လ်ကိုပဲ ဆက်လက် တာဝန်ပေးသွားမှာသာ ဖြစ်ကြောင်း သိရပါတယ်။

Exit mobile version