ပြီးခဲ့တဲ့နွေကမှ လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ပါဝင်ခဲ့ရတဲ့ သြစတြီးယား ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကို လက်ရှိမှာ ဘိုင်ယန်ဘက်ကနေ ပြန်လည်ရောင်းထုတ်သွားဖို့ အစီအစဉ်ရှိနေတာကြောင့် အနာဂတ် အပြောင်းအလဲ ဖြစ်ရတော့မယ့် ဆာဘစ်ဇာကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးအသင်းတို့ကနေ အပြိုင်ပစ်မှတ်ထားလာခဲ့ပါတယ်။

Bayern Munich are reportedly open to selling Marcel Sabitzer this summer

Photo Credit : The Sun

အသက်(၂၈)နှစ်အရွယ်ရှိ သြစတြီးယားလက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဆာဘစ်ဇာဟာ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းမှာ ၂၀၁၄ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ကာလရှည်ကြာ ပါဝင်ကစားခဲ့ရသူဖြစ်ပြီး အသင်းကို ဘွန်ဒစ်လီဂါတူးကနေ ဘွန်ဒစ်လီဂါဆီ ပို့ဆောင်နိုင်ခဲ့သလို အသင်းမှာလည်း (၆)ရာသီအတွင်း ပွဲပေါင်း(၂၂၉)ပွဲအထိကို ပါဝင်ကစားဖြစ်ခဲ့ရပါတယ်။ ဆာဘစ်ဇာဟာ လိုက်ပ်ဇစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အထိ ပို့ဆောင်နိုင်ခဲ့တာကြောင့် ဆာဘစ်ဇာကို ဘိုင်ယန်ဘက်က အလိုရှိလာခဲ့တာကြောင့် ယူရို(၁၆)သန်း (၄)နှစ်စာချုပ်နဲ့ ပြီးခဲ့တဲ့ နွေရာသီမှာပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Marcel Sabitzer indicates a lack of trust - PremierSeason.com

Photo Credit : The Sun

ဒီလို အသင်းအပြောင်းအလဲ လုပ်ဆောင်လာခဲ့တဲ့ ဆာဘစ်ဇာဟာ ဘိုင်ယန်အသင်းမှာ ပုံမှန်ကစားခွင့်တွေ ရရှိဖို့အတွက် ခဲယဉ်းနေခဲ့ရပြီး ဘွန်ဒစ်လီဂါ (၂၇)ပွဲ ပါဝင်ခွင့်ရခဲ့ပေမယ့် အဲ့ဒီထဲကမှ (၇)ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။ ဆာဘစ်ဇာဟာ ပြီးခဲ့တဲ့ရာသီအတွင်း ခြေသလုံးကြွက်သားကြောင့် တစ်လနီးပါးလောက်ပဲ အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပေမယ့် အသင်းဘက်က ဆာဘစ်ဇာကို အသင်းမှာ အရန်ကစားသမားအဖြစ်လောက်ပဲ အသုံးပြုနေတဲ့အပေါ် ဆာဘစ်ဇာကိုယ်တိုင် စိတ်ပျက်နေပြီး ဘိုင်ယန်ဘက်ကလည်း ဆာဘစ်ဇာကို ပြန်လည်ရောင်းထုတ်သွားဖို့အထိ ဆန္ဒရှိလာခဲ့ပါတယ်။ ဒီလို အခြေအနေမှာ ပရီးမီးယားလိဂ်ရဲ့ လန်ဒန်အခြေစိုက် အာဆင်နယ်နဲ့ စပါးအသင်းတို့က ဆာဘစ်ဇာကို ခေါ်ဆောင်သွားဖို့ ပစ်မှတ်ထားလာခဲ့ပြီး နှစ်သင်းလုံးက ကွင်းလယ်ပိုင်း အားဖြည့်တင်းရမယ့် အခြေအနေတွေ ရှိနေတဲ့အတွက် အပြိုင်ကမ်းလှမ်းမှုတွေ လုပ်ဆောင်ကြဖွယ် ရှိနေရပါတယ်။ လက်ရှိမှာ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆူးမားကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းနေတဲ့ စပါးအသင်းထက် အာဆင်နယ်အသင်းက ဆာဘစ်ဇာကို ပိုမိုအလိုရှိနိုင်ပြီး ဆာဘစ်ဇာကလည်း ကွင်းလယ်မှာဆိုရင် နေရာအစုံ ကစားနိုင်သူဖြစ်လို့ အာဆင်နယ်ဘက်က ဆာဘစ်ဇာကို ရရှိနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်လာဖွယ် ရှိနေရပါတယ်။