ဘုိင္ယန္ ေနာက္ခံလူ ဘုိတန္ဟာ အသင္းေဖာ္ ကြင္းလယ္လူ ေဂၚရက္ကာကုိ ပါးရုိက္လုိက္တဲ့ အတြက္ေၾကာင့္ ဗုဒၥဟူးေန႔က ေလ့က်င့္ေရးကြင္းမွာ ဘုိင္ယန္ ကစားသမားမ်ား ရန္ျဖစ္ၾကတာ ျဖစ္ပါတယ္။ ေနာက္ခံလူ ဘုိတန္ဟာ ေလ့က်င့္ေရး ဆင္းေနၾကတဲ့ အခ်ိန္မွာ ေဂၚရက္ကာက သူ႔ကို အနည္းငယ္ ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခဲ့တဲ့ အတြက္ေၾကာင့္ အလြန္ ေဒါသထြက္သြားၿပီး ေဂၚရက္ကာက ပါးရုိက္လုိက္တာ ျဖစ္တယ္လုိ႔ DialyMail သတင္းကေန ေဖာ္ျပသြားခဲ့ပါတယ္။

Photo Credit: Dailymail

ဂ်ာမနီႏုိင္ငံ အေျခစုိက္ BILD သတင္းက ေဂၚရက္ကာဟာ ဘုိတန္နဲ႔ အခ်င္းမ်ားရန္မျဖစ္ခင္မွာ ပင္နယ္တီ ဆုံးျဖတ္ခ်က္ေၾကာင့္ မေက်မနပ္ ျဖစ္ခဲ့ၿပီး ေဒါသ အနည္းငယ္ ထြက္ေနခဲ့တယ္လုိ႔ ေဖာ္ျပသြားခဲ့တာ ျဖစ္ပါတယ္။ ဘုိင္ယန္ ကစားသမားေတြဟာ ေလ့က်င့္ေရးကြင္းမွာ ေဘာလုံးကစားခဲ့ၾကၿပီး (၁၀) မိနစ္ခန္႔ အၾကာမွာ ကြင္းလယ္လူ ေဂၚရက္ကာက အသင္းေဖာ္ ဘုိတန္ကုိ ျဖတ္ထုတ္မႈ ၾကမ္းတမ္းခဲ့တာေၾကာင့္ တစ္ဦး နဲ႔ တစ္ဦး စတင္ ရန္ျဖစ္ခဲ့ၾကတာ ျဖစ္ပါတယ္။

Photo Credit: Dailymail

ေနာက္ခံလူ ဘုိတန္ဟာ ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခံရတဲ့ အခ်ိန္မွာ အလြန္ ေဒါသထြက္သြားခဲ့ၿပီး အသင္းေဖာ္ ကြင္းလယ္လူ ေဂၚရက္ကာကုိ ပါးရုိက္ခဲ့တာေၾကာင့္ တစ္ဦး နဲ႔ တစ္ဦး အခ်င္းမ်ားခဲ့ ၾကပါတယ္။ တုိက္စစ္မွဴး မူလာဟာ ဘုိတန္ နဲ႔ ေဂၚရက္ကာကုိ ရန္မျဖစ္ၾကဖုိ႔ သြားတားဆီးခဲ့ၿပီး ျပန္လည္ ေျပလည္ သြားခဲ့ေပမဲ့ သူတုိ႔ရဲ႕ ရန္ပဲြက လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔သြားခဲ့ၿပီ ျဖစ္တာေၾကာင့္ ေဂၚရက္ကာက ဘုိတန္နဲ႔ တဲြရုိက္ထားတဲ့ ပုံကုိ ျပန္တင္ၿပီး ပါးရုိက္ခံရတာကုိ ေျဖရွင္းခဲ့ပါတယ္။

{Unicode}

ဘိုင်ယန် နောက်ခံလူ ဘိုတန်ဟာ အသင်းဖော် ကွင်းလယ်လူ ဂေါ်ရက်ကာကို ပါးရိုက်လိုက်တဲ့ အတွက်ကြောင့် ဗုဒ္စဟူးနေ့က လေ့ကျင့်ရေးကွင်းမှာ ဘိုင်ယန် ကစားသမားများ ရန်ဖြစ်ကြတာ ဖြစ်ပါတယ်။ နောက်ခံလူ ဘိုတန်ဟာ လေ့ကျင့်ရေး ဆင်းနေကြတဲ့ အချိန်မှာ ဂေါ်ရက်ကာက သူ့ကို အနည်းငယ် ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့တဲ့ အတွက်ကြောင့် အလွန် ဒေါသထွက်သွားပြီး ဂေါ်ရက်ကာက ပါးရိုက်လိုက်တာ ဖြစ်တယ်လို့ DialyMail သတင်းကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: Dailymail

ဂျာမနီနိုင်ငံ အခြေစိုက် BILD သတင်းက ဂေါ်ရက်ကာဟာ ဘိုတန်နဲ့ အချင်းများရန်မဖြစ်ခင်မှာ ပင်နယ်တီ ဆုံးဖြတ်ချက်ကြောင့် မကျေမနပ် ဖြစ်ခဲ့ပြီး ဒေါသ အနည်းငယ် ထွက်နေခဲ့တယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန် ကစားသမားတွေဟာ လေ့ကျင့်ရေးကွင်းမှာ ဘောလုံးကစားခဲ့ကြပြီး (၁၀) မိနစ်ခန့် အကြာမှာ ကွင်းလယ်လူ ဂေါ်ရက်ကာက အသင်းဖော် ဘိုတန်ကို ဖြတ်ထုတ်မှု ကြမ်းတမ်းခဲ့တာကြောင့် တစ်ဦး နဲ့ တစ်ဦး စတင် ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit: Dailymail

နောက်ခံလူ ဘိုတန်ဟာ ကြမ်းတမ်းစွာ ဖြတ်ထုတ်ခံရတဲ့ အချိန်မှာ အလွန် ဒေါသထွက်သွားခဲ့ပြီး အသင်းဖော် ကွင်းလယ်လူ ဂေါ်ရက်ကာကို ပါးရိုက်ခဲ့တာကြောင့် တစ်ဦး နဲ့ တစ်ဦး အချင်းများခဲ့ ကြပါတယ်။ တိုက်စစ်မှူး မူလာဟာ ဘိုတန် နဲ့ ဂေါ်ရက်ကာကို ရန်မဖြစ်ကြဖို့ သွားတားဆီးခဲ့ပြီး ပြန်လည် ပြေလည် သွားခဲ့ပေမဲ့ သူတို့ရဲ့ ရန်ပွဲက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်တာကြောင့် ဂေါ်ရက်ကာက ဘိုတန်နဲ့ တွဲရိုက်ထားတဲ့ ပုံကို ပြန်တင်ပြီး ပါးရိုက်ခံရတာကို ဖြေရှင်းခဲ့ပါတယ်။