MySport Myanmar

လီဝန်ရဲ့ နေရာမှာ ဟာရီကိန်းနဲ့ ပြန်လည် အစားထိုးသင့်တယ်လို့ ဘိုတန် တိုက်တွန်း

ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ရောဘတ်လီဝန်ဒေါစကီးကိုသာ အသင်းကနေ လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် စပါးအသင်းရဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ဟာရီကိန်းကို ပြန်လည်ခေါ်ယူသင့်တယ်လို့ ဘိုင်ယန်ကစားသမားဟောင်း ဂျရုန်းဘိုတန်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ ဘိုင်ယန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး သူရဲဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီကလွဲပြီး ကျန်တဲ့ဘောလုံးရာသီတိုင်းမှာ အနည်းဆုံး သွင်းဂိုး(၄၀)ထိ သွင်းယူတတ်သူဖြစ်လို့ ဒီလို ကစားသမားမျိုးကိုသာ လက်လွတ်ရမယ်ဆိုရင် ဘိုင်ယန်အတွက် ခေါင်းခဲစရာ ဖြစ်လာနိုင်မယ့်အပြင် သူ့နေရာမှာ ဘယ်ကစားသမားနဲ့ ပြန်အစားထိုးမလဲဆိုတာကလည်း ခေါင်းခြောက်စရာ ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေပြီဖြစ်တဲ့ လီဝန်ရဲ့နေရာအတွက် ဟာရီကိန်းလို ကစားသမားမျိုးနဲ့ ပြန်လည်အစားထိုးသွားသင့်တယ်လို့ ဘိုင်ယန်နောက်ခံလူဟောင်းကြီး ဘိုတန်က သူရဲ့အသင်းဟောင်းကို အကြံပြုလိုက်ပါတယ်။

Photo Credit : Ace Football

ဘိုတန်က “ကျွန်တော်သာဆိုရင်တော့ ဟာရီကိန်းကို ဘိုင်ယန်အတွက် ချက်ချင်းခေါ်ယူဖို့ ကြိုးစားလိုက်မှာပါ။ ဒါက ကျွန်တော့်အမြင်ပါ။ ကျွန်တော်အတွက်ကတော့ သူက အရမ်းကောင်းတဲ့ အသင်းတစ်သင်း ဆိုပေမယ့် ကမ္ဘာ့အဆင့်လောက် မဟုတ်တဲ့ တော့တင်ဟမ်လို အသင်းမျိုးအတွက် နေ့စဉ်တိုင်း ဂိုးတွေ သွင်းယူပေးနိုင်တတ်တဲ့ ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးတစ်ဦးလို့ မြင်မိပါတယ်။ သူသာ ဘိုင်ယန်လို အသင်းမျိုးမှာ ကစားရမယ်ဆိုရင် ဘိုင်ယန်အတွက် အကောင်းဆုံး ဖြစ်လာမှာ။ နောက်ပြီးတော့ သူက အခု ဘောလုံးသမားတစ်ဦးအတွက် အကောင်းဆုံး အသက်အရွှယ်မျိုးမှာ ရောက်ရှိနေတာဖြစ်လို့ ဒါဟာ အကောင်းဆုံး အစားထိုးမှုတစ်ခုတောင် ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ အခုလို တိုက်တွန်းပြောဆိုမှုတွေ လုပ်ဆောင်ခဲ့တဲ့ ဘိုတန်က သူရဲ့အသင်းဖော်ဟောင်း လီဝန်ဒေါစကီးအနေနဲ့ အခုလို ဘိုင်ယန်ကနေ ထွက်ခွာချင်နေတဲ့အပေါ် မအံ့သြမိကြောင်း ကစားသမားတိုင်းဟာ အသစ်သစ်သော အတွေ့အကြုံတွေကို ရှာဖွေချင်တာကြောင့် အသင်းပြောင်းချင်ကြတာဖြစ်ပြီး ကစားသမားရော အသင်းအတွက်ပါ အကျိုးရှိစေတဲ့ အပြောင်းအရွှေ့ဖြစ်ဖို့သာ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version