ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ ပိုလန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်မပေးချင်ပဲ လီဝန်ဒေါစကီးရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ အသင်းမှာပဲ ဆက်လက်ရှိနေစေချင်သလို လီဝန်ဒေါစကီးအတွက် ဘာစီလိုနာအသင်းရဲ့ တတိယအကြိမ်မြောက် ကမ်းလှမ်းမှုကိုပါ ထပ်မံပယ်ချသွားခဲ့ပြန်တယ်လို့ ဂျာမနီသတင်းစာ Blid ကနေ ဖော်ပြသွားခဲ့ပါတယ်။

Lewandowski wants to leave Bavaria

Photo Credit : Bundesliga

ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးဟာ ဒီနှစ်နွေမှာပဲ သူရဲ့လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာသွားချင်နေပြီး သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပါတယ်။ ဘာစီလိုနာဘက်ကလည်း လီဝန်ဒေါစကီးလို ထိပ်တန်း အထောင်တိုက်စစ်မှူးကို အလိုရှိနေတာကြောင့် ပြောင်းရွှေ့ကြေး ယူရိုသန်း(၄၀)+အပိုဆုကြေး ယူရို(၅)သန်းနဲ့ တတိယအကြိမ် ကမ်းလှမ်းလာခဲ့ပေမယ့်လည်း ဘိုင်ယန်ဘက်က ဒီကမ်းလှမ်းမှုကို ထပ်မံငြင်းဆန်သွားခဲ့ပြန်ပြီး သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးသီးသန့်ကိုပဲ ယူရိုသန်း(၅၀)လောက်အထိ အလိုရှိနေပါတယ်။

The Barça goes up his offer by Lewandowski and the Bayern refuses it

Photo Credit : FC Barcelona Noticias

အသက်(၃၃)နှစ်အရွယ်ရှိ world-class no(9) role တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ လက်ရှိမှာ ဘိုင်ယန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဒီနွေမှာပဲ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ချင်နေသလို ဘာစီလိုနာအသင်းဆီကိုပါ ပြောင်းရွှေ့့ချင်နေပါတယ်။ ဒါပေမယ့် ဘိုင်ယန်ဘက်ကတော့ သူတို့ကစားသမားကို စာချုပ်သက်တမ်းသာ တိုးမြှင့်သွားချင်နေသလို တကယ်လို့ သက်တမ်းတိုးမရရင်လည်း လီဝန်ဒေါစကီးရဲ့ လက်ရှိစာချုပ်ကုန်ဆုံးချိန်ထိ အသင်းမှာ ဆက်လက်ထားရှိချင်နေပါတယ်။ ဒီလိုမှ မရရင်တော့ လီဝန်ဒေါစကီးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့သာ ရောင်းထုတ်ချင်တာကြောင့် ဘာစီလိုနာရဲ့ တတိယအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့လိုက်ရတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာအပြင် ပီအက်စ်ဂျီ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်တို့လို ထိပ်တန်းအသင်းတွေလည်း ပါဝင်နေတာကြောင့် ဘာစီလိုနာအနေနဲ့ လီဝန်ဒေါစကီးကိုသာ တကယ်အရခေါ်ယူချင်တယ်ဆိုရင် နောက်ထပ် ကမ်းလှမ်းမှုတွေကို အသေအချာ လုပ်ဆောင်သွားဖို့ လိုအပ်နေသလို ခေါ်ယူနိုင်ခဲ့ပြီ ဆိုရင်တောင် အသင်းရဲ့ ကစားသမားအဖြစ် စာရင်းသွင်းနိုင်ဖို့အတွက် လုပ်ခလစာမြင့်မားတဲ့ ကစားသမားတချို့ကို ရှင်းထုတ်ရဖွယ်လည်း ရှိနေပါတယ်။