ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး ကလပ်အသင်းကြီး တစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို ခေါ်ယူသွားဖို့ စိတ်ဝင်စားမှုတွေ ရှိနေတဲ့အတွက် ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆက်သွယ်မှုတွေ ပြုလုပ်လျက်ရှိနေတယ်လို့ သတင်းထွက်ပေါ်လို့ ရှိနေပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ရူဒီဂါဟာ ၂၀၁ရခုနှစ်ကမှ ရိုးမားအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။ ဒီလို အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရူဒီဂါကို ချယ်လ်ဆီးအသင်းဘက်က အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့အတွက် ကမ်းလှမ်းထားသလို ဥရောပရဲ့ အင်အားကြီး ကလပ်အသင်းတွေဖြစ်တဲ့ ပီအက်စ်ဂျီ ရီးယဲလ်မက်ဒရစ်အသင်းတွေကလည်း ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြလျက် ရှိနေသလို ဘိုင်ယန်ကလည်း ကစားသမားရဲ့အေးဂျင့်ဖြစ်သူနဲ့ပါ ချိတ်ဆက်လာခဲ့ပါတယ်။

Photo Credit : Goal

ဘိုင်ယန်အသင်းဟာလည်း ချယ်လ်ဆီးအသင်းလို အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီနောက်ခံလူ ဆူလာရဲ့နေရာမှာ ရူဒီဂါနဲ့ ပြန်လည်အစားထိုးချင်နေပြီး ဆူလာကိုလည်း ချယ်လ်ဆီးအသင်းဘက်ကနေ မျက်စိကျနေတာကြောင့် ဒီကစားသမား(၂)ယောက်ကြားမှာ အသင်းအပြောင်းအလဲတွေ ဖြစ်ပေါ်နိုင်ဖွယ် ရှိနေရပါတယ်။ တကယ်လို့ ဘိုင်ယန်ဘက်က ဆူလာကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့မယ်ဆိုရင်တောင် ရူဒီဂါကို အလိုရှိနေတဲ့ ကလပ်အသင်းများစွာက ရှိနေတာကြောင့် ချယ်လ်ဆီးဘက်က ရူဒီဂါကို အသင်းမှာ ဆက်လက်ထားရှိဖို့က ခက်ခဲနိုင်ပြီး စာချုပ်သစ်ကိစ္စသာ အဆင်မပြေခဲ့ရင် လာမယ့် ဆောင်းစျေးကွက်အတွင်း သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေနဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို ရူဒီဂါကို အသင်းမှာ ဆက်ထိ်န်းထားဖို့ ခက်ခဲနေရတဲ့ ချယ်လ်ဆီးအသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ နယ်သာလန် နောက်ခံလူ ဒီလစ်ကိုလည်း ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။