ဘိုင်ယန်မြူးနစ်အသင်းဟာ အခုနွေမှာ အသင်းကနေ ထွက်ခွာသွားတော့မယ့် ပိုလန်တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးရဲ့ နေရာမှာ ပြန်လည်အစားထိုးသွားဖို့အတွက် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဟာရီကိန်းကိုပါ စိတ်ဝင်စားလာခဲ့တာကြောင့် ကိန်းကို ခေါ်ယူဖို့အတွက် စပါးအသင်းဆီ ဆက်သွယ်လာခဲ့တယ်လို့ သတင်းထွက်နေသလို စပါးအသင်းဘက်ကလည်း အင်တာမီလန် တိုက်စစ်ကစားသမား လော်သာရိုမာတီနက်ဇ်ကို ခေါ်ယူသွားချင်နေတယ်ဆိုပြီးပါ သတင်းထွက်ပေါ်နေပါတယ်။

Bayern Munich could want Harry Kane as Robert Lewandowski looks set to depart for Barcelona

Photo Credit : The Sun

၂၀၁၄ခုနှစ်ကတည်းက ဘိုင်ယန်မှာ ပါဝင်ကစားနေတဲ့ လီဝန်ဒေါစကီးဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ် ကျန်ရှိနေသေးပေမယ့် အသင်းနဲ့ သက်တမ်းလည်း မတိုးတော့သလို အခုနွေမှာပါ အသင်းနဲ့ လမ်းခွဲသွားချင်နေတာကြောင့် သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ဘိုင်ယန်ဘက်ကနေ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ရသလို အခုလည်း မာနေးလို ပရီးမီးယားလိဂ် ထိပ်တန်းကစားသမားတစ်ဦးဖြစ်တဲ့ ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ပါ စပါးအသင်းဆီ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။

Harry Kane is the subject of a shock enquiry from Bayern Munich

Photo Credit : The Sun

အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းအတွက် အဓိက ကစားသမားတစ်ယောက် ဖြစ်နေတဲ့အပြင် အသင်းပိုင်ရှင် ဒန်နီရယ်လီဗီးကိုယ်တိုင် အသင်းကနေ လုံးဝရောင်းမထုတ်ချင်တဲ့ ကစားသမားလည်း ဖြစ်နေတာကြောင့် ဘိုင်ယန်ဘက်က ကိန်းကို ခေါ်ယူဖို့ အတော်လေး ခက်ခဲဖွယ် ရှိနိုင်ပါတယ်။ ဒီနှစ်မှာ ဟော်လန်းကို ခေါ်ယူထားနိုင်တဲ့ မန်စီးတီးအသင်းဆိုရင်လည်း င်္ပြီးခဲ့တဲ့နှစ်က ကိန်းကို အပီအပြင် ကမ်းလှမ်းခဲ့ရာ ကစားသမားကိုယ်တိုင် ပြောင်းရွှေ့ချင်ပေမယ့် အပြောင်းအရွှေ့ မဖြစ်လာအောင် စပါးအသင်းဘက်က အကောင်းဆုံး စီစဉ်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း စပါးဘက်က ကိန်းကို စာချုပ်သစ်ပါ ထပ်မံချုပ်ဆိုသွားဖို့ လုပ်ဆောင်နေချိန် ဖြစ်တာကြောင့် စပါးကနေ ကိန်းကို ခေါ်ယူဖို့က တကယ့်ကို ခဲယဉ်းနိုင်ပါတယ်။ ဒါပေမယ့် စပါးဘက်က ကိန်းကို လက်လွတ်လိုက်မယ်ဆိုရင် ကိန်းရဲ့နေရာမှာ ပြန်လည်အစားထိုးသွားမယ့် ကစားသမားကို ရှာတွေ့ထားပြီး သူကတော့ အာဂျင်တီးနား တိုက်စစ်ကစားသမား မာတီနက်ဇ် ဖြစ်ပါတယ်။

Reports suggest Lautaro Martinez could head to Spurs if they were to sell Harry Kane

Photo Credit : The Sun

စပါးနည်းပြ ကွန်တီရဲ့ တပည့်ဟောင်းဖြစ်တဲ့ မာတီနက်ဇ်ကို ကွန်တီက သူရဲ့စပါးအသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး မာတီနက်ဇ်ကိုလည်း စပါးနဲ့အပြိုင် လန်ဒန်မြို့ခံအသင်းဖြစ်တဲ့ ချယ်လ်ဆီးကပါ စိတ်ဝင်စားနေပါတယ်။ အင်တာမီလန်ဘက်ကတော့ သူတို့ရဲ့ ကစားသမားဟောင်း လူကာကူကိုသာ ပြန်လည်ခေါ်ယူနိုင်မယ်ဆိုရင် မာတီနက်ဇ်ကို လက်လွတ်နိုင်တာကြောင့် မာတီနက်ဇ်ရဲ့ လားရာက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ဖြစ်လာနိုင်ပါတယ်။