ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းကို ဒီထက်မက အင်အားကြီးမားတဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်သွားဖို့ထက် ဘွန်ဒက်လီဂါမှာ ကျင်လည်ခဲ့ဖူးပြီး လက်ရှိ ပရီးမီးယားလိဂ်ရဲ့ကြယ်ပွင့်ကစားသမားတွေအဖြစ် ရပ်တည်လျက်ရှိနေတဲ့ လီဗာပူးလ်အသင်းရဲ့ဘရာဇီးတိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုနဲ့ မန်စီးတီးအသင်းရဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်းဆာနေးတို့ကို လာမယ့်နွေရာသီစျေးကွက်မှာ တစ်ပါတည်းခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပါတယ်။

Photo Credit : The Sun

လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ဝါရင့်တိုက်စစ်ကစားသမားကြီး သောမတ်မူလာနဲ့ လက်တွဲဲဖြုတ်တော့မှာဖြစ်သလို အငှားခေါ်ယူထားတဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ကော်တင်ဟို ပါရီဆစ်တို့ကိုလည်း အပြီးသတ်ခေါ်ယူဖွယ်မရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒီကစားသမားတွေရဲ့နေရာအတွက် ဖာမီနိုနဲ့ ဆာနေးတို့ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်သင်းဟာ သူတို့ရဲ့တောင်ပံတိုက်စစ်နေရာအတွက် ဆာနေးကို ပစ်မှတ်ထားခဲ့တာ ပြီးခဲ့တဲ့နွေစျေးကွက်ကတည်းကဖြစ်ပြီး မန်စီးတီးဘက်က သူတို့ကစားသမား ရောင်းချဖို့ ဆန္ဒမရှိခဲ့လို့သာ ခေါ်ယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ဆာနေးကို ဂျာမနီနိုင်ငံဆီ ပြန်လည်ခေါ်ဆောင်နိုင်ဖို့ကို ဘိုင်ယန်ဘက်ကနေ လက်မလျှော့သေးတဲ့အပြင် ကစားသမားကိုယ်တိုင်ကလည်း မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကို ဆန္ဒမရှိသလို ဖြစ်နေတာကြောင့် ဒါကို ဘိုင်ယန်အသင်းဘက်ကနေ အခွင့်ကောင်းရယူနိုင်ဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဘိုင်ယန်က ဟော့ဖန်ဟိမ်းအသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား ရောဘတ်တိုဖာမီနိုကိုလည်း လီဗာပူးလ်အသင်းကနေ ပေါင်ရ၅သန်းနဲ့ ကမ်းလှမ်းဖို့ကို စီစဉ်လာခဲ့ပါတယ်။ ဒီ အသက်၂၈နှစ်အရွှယ် တိုက်စစ်ကစားသမားကတော့ လာမယ့်နွေရာသီမှာ အသက်၃၂နှစ်ပြည့်တော့မယ့် အသင်းရဲ့ဂိုးသွင်းစက် လီဝန်ဒေါစကီးရဲ့နေရာမှာ ရေရှည်အစားထိုးနိုင်ဖို့အတွက် ရည်ရွှယ်ထားတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ကလည်း လာမယ့်နွေမှာ လိုက်ပ်ဇစ်က ဂျာမန်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ရှိနေတဲ့အပြင် ဘာပေကိုလည်း စောင့်ကြည့်နေသေးတာဖြစ််လို့ တကယ်လို့ ဒီကစားသမားတွေ ရောက်လာခဲ့မယ်ဆိုရင် ဖာမီနိုကိုလည်း အသင်းကနေ ထွက်ခွာပေးဖွယ် ရှိနိုင်ပါတယ်။