ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် နီးစပ်နေတဲ့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အသက်၂၈နှစ်အရွယ် ဖာမီနိုကို ခေါ်ယူဖို့အတွက် စီစဉ်လျက်ရှိတယ်လို့ ဂျာမဏီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Metro.com

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ အားနည်းနေတဲ့ ကစားသမားအင်အားကို အင်အားဖြည့်တင်းဖို့ လုပ်ဆောင်နေတာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ အသက်အရွယ်ရလာတဲ့ လီဝန်ဒေါစကီး ၊ မူလာတို့ရဲ့ နေရာမှာ အစားဝင်နိုင်ဖို့အတွက် ဖာမီနိုကို ခေါ်ယူလိုနေတာလည်း ဖြစ်ပါတယ်။

Photo Credit: Metro.com

အသက်၂၈နှစ်အရွယ် ဖာမီနိုဟာ လက်ရှိ ဘောလုံးရာသီမှာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း ၂၅ပွဲကစားပေးထားရာမှာ ၈ဂိုးသွင်းယူကာ ၇ဂိုးအထိ ဖန်တီးပေးထားနိုင်သူပါ။ ဘောလုံးကျွမ်းကျင်သူတွေကတော့ လီဗာပူးလ်အသင်းအနေနဲ့ ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေးရပါက ဖာမီနိုကို ရောင်းချဖို့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Photo Credit: Metro.com

ထွက်ပေါ်နေတဲ​့ သတင်းတွေအရ ဘိုင်ယန်အသင်းဟာ ဖာမီနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၇၅သန်းဝန်းကျင် သုံးစွဲဖို့အတွက် ရည်ရွယ်ထားကြောင်းနဲ့ လီဗာပူးလ်အသင်းဘက်ကလည်း ဖာမီနိုကို ရောင်းချကာ လစ်ဇက်အသင်းရဲ့ တီမိုဝါနာကို ပေါင်၆၀သန်းဝန်းကျင်နဲ့ ပြန်လည် ခေါ်ယူဖို့ရှိတယ်လို့ သိရှိထားရပါတယ်။