ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်း နောက်ခံလူ ဘိုတန်ကို အသင်းရဲ့ ခွင့်ပြုချက်မရဘဲ မြူးနစ်မြို့ကနေ ထွက်သွားခဲ့တာကြောင့် ဒဏ်ငွေ ချမှတ်ခဲ့ပြီး ဒဏ်ငွေတွေကို မြူးနစ်မြို့က ဆေးရုံတွေဆီ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ တရားဝင် ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အခြေစိုက်နေတဲ့ ဂျာမနီနိုင်ငံက ပြည်နယ်ဟာ ကိုရိုနာ ဗိုင်းရပ်ကြောင့် အပြည့်အဝ ပိတ်ပင်ထားခဲ့ပြီ ဖြစ်ပြီး ဒေသခံတွေအနေနဲ့ အရေးပေါ် အခြေအနေတွေ မဟုတ်ရင် ပြည်နယ်က ထွက်သွားခွင့် မရှိဘဲ ထွက်သွားမယ် ဆိုရင် ပြစ်ဒဏ် ချမှတ်ခံရမှာပဲ ဖြစ်ပါတယ်။

Photo Credit: 90Minutes

ဘိုင်ယန်မြူးနစ် ကစားသမားတွေအနေနဲ့ အိမ်ထဲကနေ အပြင်ကို ထွက်သွားချင်တယ် ဆိုရင် အသင်းရဲ့ ခွင့်ပြမှု အရင် တောင်းရမှာ ဖြစ်ပေမဲ့လည်း ဘိုင်ယန်မြူးနစ် နောက်ခံ ကစားသမား ဘိုတန်ကတော့ အသင်းရဲ့ ခွင့်ပြုမှုကို မယူဘဲ အိမ်ကနေ အိမ်ပြင်ကို ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ တရားဝင် ဝက်ဆိုဒ်မှာ စာစောင် တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အသင်းရဲ့ ခွင့်ပြုချက် မရဘဲ မြူးနစ်မြို့က ထွက်သွားခဲ့တဲ့ နောက်ခံလူ ဘိုတန်ကို ဒဏ်ငွေ ချမှတ်မှာ ဖြစ်ပြီး ဒဏ်ငွေကို မြူးနစ်မြို့က ဆေးရုံတွေဆီ လှူးဒါန်မှာ ဖြစ်တယ်လို့ ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: 90Minutes

ဘိုင်ယန်အသင်းက “ဘိုင်ယန် နောက်ခံလူ ဘိုတန်ဟာ အသင်းရဲ့ ခွင့်ပြုချက် မရဘဲ မနေ့က မြူးနစ်မြို့က ထွက်သွားခဲ့ပါတယ်။ ဘိုတန်ဟာ သူ့ရဲ့ နေအိမ်နဲ့ အဝေးကြီးကို ထွက်သွားခဲ့ပြီး အသင်းရဲ့ လမ်းညွန်ချက်ကို ချိုးဖောက်ခဲ့ပါတယ်။ ဒီအသင်းရဲ့ လမ်းညွန်ချက်တွေကို ပြည်နယ် အစိုးရဲရဲ့ အကြံပေးမှုနဲ့ လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ် ကစားသမားတွေရဲ့ အပြုအမှုကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ပုံဥပမာကောင်း ဖြစ်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်မိပါတယ်။ ဘိုတန်ဟာ လမ်းညွန်ချက်ကို ချိုးဖောက်ခဲ့တာကြောင့် သူ့ကို ဒဏ်ငွေ ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသင်းအနေနဲ့ ဒဏ်ငွေကို မြူးနစ် ဆေးရုံတွေဆီ လှူဒါန်းသွားမှာ ဖြစ်ပါတယ်”လို့ တရားဝင် အကြောင်းကြား ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။