မိုချန်ဂလာဘတ်ကို ရှံးပြီးနောက်ပိုင်းကတည်းက ဘွန်ဒက်လီဂါမှာ နိုင်ပွဲတွေပြန်ဆက်လာခဲ့ပြီး လက်ရှိချန်ပီယံဘွဲ့ကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အထိ မျှော်လင့်ချက်ပြန်လည်ရှင်သန်လာခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနေ့မှာတော့ သူတို့ရဲ့ပြိုင်ဘက်ဟောင်းဖြစ်ခဲ့ဖူးတဲ့ ရှော်ကေးအသင်းနဲ့ ဘွန်ဒက်လီဂါပွဲစဉ်(၁၉)အဖြစ် ရင်ဆိုင်ကစားခဲ့ပြီး ၅ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ကာ ထိပ်ဆုံးနေရာက လိုက်ပ်ဇစ်နဲ့ ၁မှတ်အကွာ ဒုတိယနေရာကို တတ်လှမ်းလာခဲ့ပါတယ်။

Photo Credit : Getty Images

ဒီပွဲမတိုင်ခင်မှာ လိုက်ပစ်ဇ်အသင်းက ဖရန့်ဖတ်ကို ဂိုးပြတ်အရေးနိမ့်ထားလို့ နိုင်ပွဲရယူဖို့ မဖြစ်မနေကို လိုအပ်နေတဲ့ အိမ်ရှင်ဘိုင်ယန်ဟာ မူလာ လီဝန်ဒေါစကီး ဂေါ့ရက်ဇ်ကာ ပါရီဆစ် အယ်ကန်တာရာ ကစ်မစ်ချ် ဒေးဗီ အလာဘာ ဘိုတန် ပါဗာ နူအာတို့နဲ့အတူ ပွဲထွက်လာခဲ့ပြီး ဧည့်သည်ရှော်ကေးအသင်းကို အကောင်းဆုံးပုံစံနဲ့ ဧည့်ခံကစားသွားခဲ့ပါတယ်။ ရှော်ကေးက ဘွန်ဒက်လီဂါ အဝေးကွင်းကစားပုံ သိပ်မဆိုးလှတဲ့ အသင်းတွေထဲမှာ ပါဝင်တယ်ဆိုပေမယ့်လည်း ဒီပွဲမှာ မဖြစ်မနေ အနိုင်ယူဖို့လိုနေတဲ့ ဘိုင်ယန်က ပုံစံကောင်းပြပြီး ကစားနိုင်ခဲ့သလို ရှော်ကေးရဲ့တန့်ပြန်တိုက်စစ်တွေကလည်း ပထမပိုင်းမှာ အလုပ်မဖြစ်ခဲ့ပါဘူး။ ဂိုးပေါက်ခြိမ်းခြောက်မှုပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့တဲ့ ဘိုင်ယန်အသင်းဟာ ပထမပိုင်းမှာ လီဝန်ဒေါစကီး မူလာတို့ရဲ့ဂိုးတွေနဲ့ စတင်ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့ပြီး အဲ့ဒီတိုက်စစ်မှူး၂ယောက်လုံးရဲ့ နောက်ထပ်သွင်းဂိုး၂ဂိုးကတော့ လူကျွံဘောတွေအဖြစ် သတ်မှတ်ခဲ့ရလို့သာ ရှော်ကေးတို့ သက်သာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်စချိန်မှာလည် ဘိုင်ယန်ဘက်ကနေပဲ ပွဲကိုဆက်လက်စိုးမိုးထားရင်းနဲ့ မိနစ်၅၀မှာတော့ ရှော်ကေးကစားသမားဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂေါ့ရက်ဇ်ကာက ထောင့်ကန်ဘောကနေ ခေါင်းတိုက်ရာ လူထိပြီးသူဆီပြန်ကျလာတဲ့ ဘောလုုံးကို အလှပဆုံးပုံစံနဲ့ ပြန်လည်ကန်သွင်းပြီး တတိယဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးရပြီး ရမိနစ်အကြာမှာတော့ လီဝန်ဒေါစကီးရဲ့ တစ်ကိုယ်ကောင်းဆန်ချင်းမရှိပဲ အသင်းဖော် အယ်ကန်တာရာ ကန်သွင်းဖို့ ချပေးခဲ့ရာကနေတစ်ဆင့် စတုတ္ထဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရှော်ကေးအသင်းက ဘာမှမလုပ်နိုင်တော့ပဲ ဘိုင်ယန်ရဲ့တိုက်စစ်ဆင်မှုတွေအောက်မှာသာ ခံစစ်ကိုပဲ ဦးစားပေးကစားနေခဲ့ရပြီး ဘိုင်ယန်ကလည်း ပွဲပြီးခါနီးမှာ လူစားဝင် တောင်ပံကစားသမား နာဘရီရဲ့ပွဲသိမ်းသွင်းဂိုးကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

(Zawgyi)

ဂုိးျပတ္ႏုိင္ပြဲနဲ႔အတူ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္အားေကာင္းလာတဲ႔ ဘုိင္ယန္ျမဴးနစ္

မုိခ်န္ဂလာဘတ္ကုိ ရွံးၿပီးေနာက္ပုိင္းကတည္းက ဘြန္ဒက္လီဂါမွာ ႏုိင္ပြဲေတြျပန္ဆက္လာခဲ႔ၿပီး လက္ရွိခ်န္ပီယံဘြဲ႕ကုိ ျပန္လည္ထိန္းသိမ္းႏုိင္ဖုိ႔အထိ ေမွ်ာ္လင့္ခ်က္ျပန္လည္ရွင္သန္လာခဲ႔ရတဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဒီေန႔မွာေတာ့ သူတုိ႔ရဲ႕ၿပိဳင္ဘက္ေဟာင္းျဖစ္ခဲ႔ဖူးတဲ႔ ေရွာ္ေကးအသင္းနဲ႔ ဘြန္ဒက္လီဂါပြဲစဥ္(၁၉)အျဖစ္ ရင္ဆုိင္ကစားခဲ႔ၿပီး ၅ဂုိး ဂုိးမရွိနဲ႔ ဂုိးျပတ္အႏုိင္ယူခဲ႔ကာ ထိပ္ဆုံးေနရာက လိုက္ပ္ဇစ္နဲ႔ ၁မွတ္အကြာ ဒုတိယေနရာကုိ တတ္လွမ္းလာခဲ႔ပါတယ္။

Photo Credit : Getty Images

ဒီပြဲမတုိင္ခင္မွာ လိုက္ပစ္ဇ္အသင္းက ဖရန္႔ဖတ္ကုိ ဂုိးျပတ္အေရးနိမ့္ထားလုိ႔ ႏုိင္ပြဲရယူဖုိ႔ မျဖစ္မေနကုိ လုိအပ္ေနတဲ႔ အိမ္ရွင္ဘုိင္ယန္ဟာ မူလာ လီဝန္ေဒါစကီး ေဂါ့ရက္ဇ္ကာ ပါရီဆစ္ အယ္ကန္တာရာ ကစ္မစ္ခ်္ ေဒးဗီ အလာဘာ ဘုိတန္ ပါဗာ ႏူအာတုိ႔နဲ႔အတူ ပြဲထြက္လာခဲ႔ၿပီး ဧည့္သည္ေရွာ္ေကးအသင္းကုိ အေကာင္းဆုံးပုံစံနဲ႔ ဧည့္ခံကစားသြားခဲ႔ပါတယ္။ ေရွာ္ေကးက ဘြန္ဒက္လီဂါ အေဝးကြင္းကစားပုံ သိပ္မဆုိးလွတဲ႔ အသင္းေတြထဲမွာ ပါဝင္တယ္ဆုိေပမယ့္လည္း ဒီပြဲမွာ မျဖစ္မေန အႏုိင္ယူဖုိ႔လုိေနတဲ႔ ဘုိင္ယန္က ပုံစံေကာင္းျပၿပီး ကစားႏုိင္ခဲ႔သလုိ ေရွာ္ေကးရဲ႕တန္႔ျပန္တုိက္စစ္ေတြကလည္း ပထမပုိင္းမွာ အလုပ္မျဖစ္ခဲ႔ပါဘူး။ ဂုိးေပါက္ၿခိမ္းေျခာက္မႈေပါင္းမ်ားစြာ လုပ္ေဆာင္ႏုိင္ခဲ႔တဲ႔ ဘုိင္ယန္အသင္းဟာ ပထမပုိင္းမွာ လီဝန္ေဒါစကီး မူလာတုိ႔ရဲ႕ဂုိးေတြနဲ႔ စတင္ျပတ္ျပတ္သားသား ဦးေဆာင္ႏုိင္ခဲ့ၿပီး အဲ႔ဒီတုိက္စစ္မွဴး၂ေယာက္လုံးရဲ႕ ေနာက္ထပ္သြင္းဂုိး၂ဂုိးကေတာ့ လူကြ်ံေဘာေတြအျဖစ္ သတ္မွတ္ခဲ႔ရလုိ႔သာ ေရွာ္ေကးတုိ႔ သက္သာခဲ႔ရတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္စခ်ိန္မွာလည္ ဘုိင္ယန္ဘက္ကေနပဲ ပြဲကုိဆက္လက္စုိးမုိးထားရင္းနဲ႔ မိနစ္၅၀မွာေတာ့ ေရွာ္ေကးကစားသမားေဟာင္း ျဖစ္ခဲ႔ဖူးတဲ့ ေဂါ့ရက္ဇ္ကာက ေထာင့္ကန္ေဘာကေန ေခါင္းတုိက္ရာ လူထိၿပီးသူဆီျပန္က်လာတဲ႔ ေဘာလုုံးကုိ အလွပဆုံးပုံစံနဲ႔ ျပန္လည္ကန္သြင္းၿပီး တတိယဂုိးအျဖစ္ သြင္းယူႏုိင္ခဲ့ပါတယ္။ ဒီဂုိးရၿပီး ၇မိနစ္အၾကာမွာေတာ့ လီဝန္ေဒါစကီးရဲ႕ တစ္ကုိယ္ေကာင္းဆန္ခ်င္းမရွိပဲ အသင္းေဖာ္ အယ္ကန္တာရာ ကန္သြင္းဖုိ႔ ခ်ေပးခဲ႔ရာကေနတစ္ဆင့္ စတုတၳဂုိးအျဖစ္ ေျပာင္းလဲႏုိင္ခဲ႔ပါတယ္။ ဒုတိယပိုင္းမွာ ေရွာ္ေကးအသင္းက ဘာမွမလုပ္ႏုိင္ေတာ့ပဲ ဘုိင္ယန္ရဲ႕တုိက္စစ္ဆင္မႈေတြေအာက္မွာသာ ခံစစ္ကုိပဲ ဦးစားေပးကစားေနခဲ႔ရၿပီး ဘုိင္ယန္ကလည္း ပြဲၿပီးခါနီးမွာ လူစားဝင္ ေတာင္ပံကစားသမား နာဘရီရဲ႕ပြဲသိမ္းသြင္းဂိုးကုိ ထပ္မံပုိင္ဆုိင္ႏုိင္ခဲ႔ပါတယ္။