မနေ့ညက ဂျာမန်ပိုကယ်ဖလား ဆီမီးဖိုင်နယ် ပထမနေ့ပွဲစဉ်အဖြစ် ဆာဘူကန်အသင်းနဲ့ လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဧည့်သည်လေဗာကူဆင်က ဂိုးပြတ်အနိုင်ရပြီး ဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့သလို ဒီနေ့ညမှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ဖရန့်ဖတ်အသင်းတို့က ပိုကယ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင််နွဲခဲ့ကြပြီး အိမ်ရှင်ဘိုင်ယန်ကပဲ (၂)ဂိုး (၁)ဂိုးနဲ့ အနိုင်ရရှိကာ ဖိုင်နယ်မှာ လေဗာကူဆင်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်အဖြစ် ကစားခွင့်ရခဲ့တဲ့ ဘိုင်ယန်ကတော့ ဒီနေ့ပွဲစဉ် လာမယ့်ရာသီအတွင်း ဝတ်ဆင်သွားမယ့် အိမ်ကွင်းဝတ်စုံသစ်နဲ့ ပွဲထွက်လာခဲ့ပြီး အသုံးပြုနေကြ ကစားကွက်အတွင်း လူစာရင်းအတိုင်းနဲ့သာ ပွဲထွက်လာခဲ့ကာ နာဘရီနေရာမှာပဲ ပါရီဆစ်ကို ထည့်သွင်းလာခဲ့ပါတယ်။ ကျန်တဲ့နေရာတွေကတော့ ပုံမှန်အသုံးပြုနေကြ လူစာရင်းအတိုင်းနဲ့သာ ဆက်လက်ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစကတည်းက တောက်လျှောက်ဖိအားပေးလာခဲ့တဲ့ ဘိုင်ယန်ဟာ ပွဲကစားချိန်(၁၄)မိနစ်မှာတော့ တောင်ပံကစားသမား ပါရီဆစ်ရဲ့အပိုင်ခေါင်းတိုက်သွင်းဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့ရပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးကို ဘိုင်ယန်ကပဲ စိုးမိုးထားတာကြောင့် ဖရန့်ဖတ်ဘက်က ဘာမှမယ်မယ်ရရ မတုန့်ပြန်နိုင်ခဲ့လို့ ဘိုင်ယန်ကလည်း သွင်းဂိုးထပ်မရပဲ ပထမပိုင်းကို (၁)ဂိုးအသာနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာ နှစ်သင်းလုံး လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖရန့်ဖတ်အသင်းက ပထမပိုင်းကထက် ပိုမိုကောင်းမွန်လာခဲ့ပြီး ချေပဂိုးကိုလည်း လူစားဝင်လာခဲ့တဲ့ ကစားသမား(၂)ယောက်ကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂျပန်ကစားသမား ကာမာဒါရဲ့ထိုးဖောက်မှုကနေ အခွင့်အရေးရလာခဲ့တဲ့ ဒါကော်စတာက ဖရန့်ဖတ်အတွက် မိနစ်(၇၀)မှာ ချေပနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီချေပဂိုးက (၅)မိနစ်ပဲ ခံလိုက်ပြီး လီဝန်ဒေါစကီးက ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပြန်လည်သွင်းယူပေးခဲ့ပြီး ပိုကယ်ဖလားဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။