ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲတွေကို ပြန်လည်စတင်ကစားနေတာဟာ (၂)ပတ်ကျော်ကို ရောက်ရှိနေပြီဖြစ်ပြီး အခုတစ်ပတ် ကြားရက်မှာလည်း ဘွန်ဒစ်လီဂါ ပွဲစဉ်(၂၈)ကို ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲစဉ်(၂၈)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် အမှတ်ပေးချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေကြတဲ့ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ခဲဲ့ပြီး ဘိုင်ယန်က (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာကြောင့် ဒေါ့မွန်ကို (၇)မှတ်အထိ ဖြတ်တောက်နိုင်လိုက်ပြီပဲဖြစ်ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဒေါ့မွန်အသင်းကတော့ ရှော်ကေး မိန့်ဇ်တို့ပွဲမှာ အသုံးပြုခဲ့တဲဲ့ လူစာရင်းအတိုင်းကိုပဲ ထမ်မံအသုံးပြုလာခဲ့ပြီး ဆန်ချိုကိုလည်း အရန်စာရင်းမှာပဲ ထည့်သွင်းထားခဲ့ကာ ဟာလန်း သော်ဂန်ဟာဇက် ဘရန့် ဒါဟွတ် ဒီလေးနီ အကန်ချီ ဟမ်းမဲလ် ပစ်ရှက် ဘာကီတို့ကို အသုံးပြုလာခဲ့ပါတယ်။ ဧည့်သည်ဘိုင်ယန်က လီဝန်ဒေါစကီး နာဘရီ ကိုးမန်း ဂေါ်ရက်ဇ်ကာ မူလာ ကင်မစ်ချ် အလာဘာ ဘိုတန် ပါဗာ ဒေးဗီစ်နဲ့ နူအာတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲက ဂျာမန်အယ်ဂလက်စီကို ပွဲဲကောင်းတစ်ပွဲရဲ့ အရသာကို ပေါ်လွင်စေခဲ့ပြီး ပထမပိုင်းမှာ (၂)သင်းလုံးက အခွင့်အရေးတွေ ညီတူညီမျှလောက် ရရှိခဲ့ပေမယ့် ဘိုင်ယန်ရဲ့ တိုက်စစ်ဆင်မှုတွေက ပိုမိုသေသပ်ခဲ့သလို အိမ်ရှင်အသင်းဘက်မှာတော့ ဟာလန်းခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရပါတယ်။ ဂိုးဝင်နိုင်တဲ့ အခွင့်အရေးတွေ (၂)သင်းလုံး ပိုင်ဆိုင်ခဲ့ကြပေမယ့် (၄၃)မိနစ်အရောက်မှာတော့ ကွင်းလယ်လူကင်မစ်ချ်ရဲ့ ဂိုးကန်ချက်က ဂိုးရှေ့အနည်းငယ်ထွက်နေတဲ့ ဂိုးသမားဘာကီ ဖမ်းရခက်စေတဲ့ပုံစံနဲ့ ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာကြောင့် ဘိုင်ယန်တို့ စတင်ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ရလဒ်ပိုင်း အလှည့်အပြောင်းလုပ်ဖို့အတွက် ဒေါ့မွန်ဘက်ကနေ ဆန်ချိုနဲ့ အမ်မရီချန်တို့ကို ထည့်သွင်းလာခဲ့ပါတယ်။ ဆန်ချိုကတော့ သူရဲ့ ကစားဟန်အတိုင်း တောင်ပံ(၂)ဖက်လုံးကနေ ရွှေ့ေ့ပြာင်းကစားကာ တိုက်စစ်ဆင်ခဲ့သလို အသင်းရဲ့ ဂိုးရဖို့ကိုလည်း ပံ့ပိုးကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ခံစစ်က နေရာလွတ်မပေးရအောင် သေချာကစားခဲ့တဲ့အပြင် ကောင်တာတိုက်စစ်တွေကနေလည်း ဒေါ့မွန်ဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ မိနစ်(၇၀)လောက်မှာတော့ ဟာလန်းကိုထုတ်ပြီး (၁၇)နှစ်အရွွှယ် တိုက်စစ်မှူးလေးရေနာကို ထည့်သွင်းလာခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးဆုံးလုခါနီးမှာ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေ အကြိမ်ရေပိုများလာခဲ့ပြီး ဒါဟွတ်ရဲ့ ဂိုးဝင်နိုင်လောက်တဲ့ ကန်သွင်းချက်ကိုလည်း နူအာက ကာကွယ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကွင်းလယ်ကနေ ဒေါ့မွန်တိုက်စစ်ကို ထိန်းချုပ်ကစားပုံ အထူးကောင်းခဲ့တာကြောင့် ပထမပိုင်းရလဒ်ကို ထိန်းသိမ်းကာ အနိုင်ရရှိသွားခဲ့ပါတယ်။