ဒီနေ့ညမှာတော့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲရဲ့ ဒုတိယမြောက်ရက်သတ္တပတ်ကတော့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီတစ်ပတ်မှာလည်း ပြီးခဲ့တဲဲ့တစ်ပတ်တုန်းကလို ပွဲကြီးပွဲကောင်းတွေ ဆက်လက်ပါဝင်လို့နေပြီး ဒီပွဲစဉ်တွေထဲကမှ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ပွဲစဉ်အတွင်းမှာတော့ ဧည့်သည်ဘိုင်ယန်က ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ချယ်လ်ဆီးအသင်းကတော့ စပါးအသင်းနဲ့ပွဲမှာ လူစာရင်းအတိုင်းကိုပဲ ကစားပုံ ၄-၃-၃ ပုံစံပြောင်းကာ ပြန်လည်အသုံးပြုလာခဲ့ပြီး ရီဆီဂျိမ်းစ်ကိုတော့ တိုက်စစ်မှာ ကစားစေခဲ့ပြီး ဂျရှး မေဆန်မောင့် ကိုဗာဆစ် ဘာကလေ ဂျော်ဂျင်ဟို အက်စ်ပလီကွယ်တာ ရူဒီဂါ ခရစ္စတန်ဆန် အလွန်ဆိုနဲ့ ကာဘယ်ယိုလိုတို့နဲ့ တွဲဖက်အသုံးပြုခဲ့ပါတယ်။ ဧည့်သည်ဘိုုင်ယန်ဘက်ကလည်း ၄-၂၃-၁ ကစားကွက်နဲ့အတူ လီဝန်ဒေါစကီး ဂါနာဘရီ မူလာ ကင်မစ်ချ် အယ်ကန်တာရာ ကိုးမန်း ပါဗာ ဘိုတန် အလာဘာ ဒေးဗီစ် နူအာတို့ ပါဝင်ခဲ့ပါတယ်။ ဒီရာသီမှာ လန်ဒန်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ စပါးနဲ့ လန်ဒန်မြေမှာ ကစားခဲ့တဲ့ပွဲအတွင်း ၂ဂိုးရဂိုးနဲ့ပါ အပြတ်အသတ် အနိုင်ရယူခဲ့တဲ့ ဘိုင်ယန်ဟာ ဒီပွဲမှာလည်း အိမ်ရှင်ချယ်လ်ဆီးအသင်းကို ပထမပိုင်းမှာကတည်းက ဖိအားပေးကစားခဲ့ပေမယ့် ကာဘယ်ယိုလိုရဲ့ကာကွယ်မှုတွေနဲ့ ဘိုင်ယန်တိုက်စစ်ရဲ့လွဲချော်မှုတွေသာ ပထမပိုင်းမှာ ဂိုးမရခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါပေမယ့် ဒုတိယပိုင်းပြန်စတင်ချိန်မှာတော့ ဘိုင်ယန်တိုက်စစ်ကို ထပ်မံမတောင်ခံထားနိုင်တော့ပဲ မိနစ်ပိုင်းလေးအတွင်းမှာပဲ သွင်းဂိုး၂ဂိုးကို ခပ်မြန်မြန်ခွင့်ပြုပေးလိုက်ရပါတယ်။ ဒီဂိုးတွေကိုတော့ အာဆင်နယ်ကစားသမားဟောင်းဖြစ်သူ ဂါနာဘရီက ၅၁နဲ့ ၅၄မိနစ်တွေမှာ သွင်းယူသွားခဲ့တာဖြစ်ပြီး ၂ဂိုးလုံးကိုလည်း လီဝန်ဒေါစကီးကနေ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ၇၆မိနစ်အရောက်မှာလည်း ဘယ်နောက်ခံလူလေး အယ်ဖွန်ဆိုဒေးဗီစ်က ကစားသမား၃ယောက်လောက်ကို ကျော်ဖြတ်ပြီး လီဝန်ဒေါစကီးကို ဖန်တီးပေးခဲ့ရာ ပိုလန်ကစားသမားက တတိယဂိုးအဖြစ် အသာအယာ ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ လီဝန်ဒေါစကီးကို ကစားပုုံကြမ်းခဲ့တဲ အလွန်ဆို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရလို့ လာမယ့်ပွဲတွေကိုပါ လွဲချော်ရတော့မှာပဲဖြစ်ပါတယ်။