MySport Myanmar

ဒီရာသီ ဗီလာမှာ ကြမ်းနေတဲ့ ဝက်ကင်းစ်ကို ဘိုင်ယန် စိတ်ဝင်စားနေ

ဒီနှစ်ဘောလုံးရာသီအတွင်း အက်စတွန်ဗီလာအသင်းမှာ ​ခြေစွမ်း ပြသလျက် ရှိနေသူ တိုက်စစ်ကစားသမား အိုလီဝက်ကင်းစ်ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Premier League

အာဆင်နယ် ပရိသတ်တစ်ဦးဖြစ်သူ အဂ်လန် တိုက်စစ်ကစားသမား ဝက်ကင်းစ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသရင်းနဲ့ ဗီလာအသင်းဆီပါ ရောက်ရှိလာခဲ့တာ ​ဖြစ်ပါတယ်။ ဗီလာနဲ့အတူ သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာပဲ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရတဲ့ ဝက်ကင်းစ်ဟာ အခု ဗီလာ ကစားသမားဘဝ တတိယမြောက် ရာသီမှာလည်း အကောင်းဆုံး စွမ်းဆောင်ရည်တွေ ထပ်မံ ပြသထားတာကြောင့် သူ့ကို ကလပ်အသင်း များစွားက စိတ်ဝင်လာစားကြပါတယ်။

Photo Credit : Football365

ဝက်ကင်းစ်ကို စိတ်ဝင်တစား ရှိနေတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်လို ထိပ်တန်း အသင်းကြီးတွေပါ ပါဝင်လာခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ ဂျရတ်လက်ထက်မှာ ရုန်းကန်ခဲ့ရတဲ့ ဝက်ကင်းစ်ဟာ နည်းပြ အမ်မရီလက်အောက်မှာတော့ သူရဲ့အကောင်းဆုံး ပုံစံကို ပြန်ရှာတွေ့သွားခဲ့တဲ့အပြင် ဂိုးတွေပါ ဆက်တိုက် သွင်းယူလာနိုင်ခဲ့ပါတယ်။ အထောင်တိုက်စစ် နေရာမှာပါ winger အဖြစ်ပါ ကစားတတ်တဲ့ ဝက်ကင်းစ်ကို တိုက်စစ်မှူး လိုအပ်နေတဲ့ ဘိုင်ယန်က လာမယ့် နွေစျေးကွက်ထဲမှာ ပေါင်သန်း (၆၀)လောက်နဲ့ ကမ်းလှမ်းသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Premier League

သောမတ်စ်တူဟယ်လ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု မဖြစ်မနေ လုပ်ဆောင်သွားရဖို့ ရှိနေပြီး လက်ရှိမှာလည်း ဝက်ကင်းစ်ရဲ့ ခြေစွမ်းပိုင်းတွေကို သဘောကျလျက် ရှိနေတာကြောင့် ဘိုင်ယန်ရဲ့ နည်းစနစ် ဒါရိုက်တာကိုယ်တိုင် ဗီလာ နဲ့ ဖူလ်ဟမ်တို့ ပွဲစဥ်ကို သွားရောက် ကြည့်ရှုရင်း ဝက်ကင်းစ်ရဲ့ performances တွေကို အနီးကပ် လေ့လာသွားခဲ့ပါသေးတယ်။ ဘိုင်ယန်အသင်းဟာ နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမား ဗစ်တာအိုဆင်မန်ကိုလည်း ပစ်မှတ်ထားနေပေမယ့် အိုဆင်မန်ကို ခေါ်ယူနိုင်ဖို့က ခက်ခဲနိုင်လို့ ဝက်ကင်းစ်ကိုသာ ကြိုးပမ်းလာနိုင်ပါတယ်။

Exit mobile version