ဥရောပ အင်အားကြီး အသင်းတွေ ဖြစ်တဲ့ မန်ယူအသင်း ၊ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ဟာ ဘွန််ဒက်လီဂါကလပ် မိုချင်ဂလာဘက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဇာကာရီယာကို ခေါ်ယူဖို့ အတွက် အပြိုင်အဆိုင် ကြိုးစား နေကြကြောင်း ဂျာမန်မြေရဲ့ အယုံကြည်ရဆုံး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Christian Falkက ဖော်ပြ သွားခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ဒန်းနစ် ဇာကာရီယာဟာ ကွင်းလယ်ခံစစ် နေရာမှာ ကစားတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဂလာဘက်အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တာကြောင့် သူ့ရဲ့ ကာလတန်ကြေးဟာ ယူရို ၄ဝသန်း အထိ ရှိနေပါတယ်။

Photo Credit: Metro

ဇာကာရီယာဟာ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦးဖြစ်တာကြောင့် ခြေစွမ်းကောင်းမွန်တဲ့ ဘွန်ဒက်လီဂါ ကစားသမားတွေကို ခေါ်ယူဖို့ အမြဲတမ်းလိုလို ကြိုးစားတတ်တဲ့ ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဇာကာရီယာကို လာမယ့် နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အဓိက ကြိုးစားနေကြောင်း Falkက ဖွင့်ဟ ထားပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဇာကာရီယာကို ခေါ်ယူရာမှာ တစ်သင်းထဲ ကြိုးစားခွင့်ရမှာ မဟုတ်ပဲ လက်ရှိမှာ ပရီးမီးယားလိဂ် အင်အားကြီး အသင်းတွေ ဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီး အသင်းတို့ဟာလည်း ဇာကာရီယာကို ခေါ်ယူဖို့ ချိတ်ဆက်မှု ပြုလုပ်လာကြောင်း နောက်ဆုံးရ သတင်းတွေကို တင်ဆက်တဲ့ အချိန်မှာ Falkက ပြောပြ သွားပါတယ်။

Photo Credit: Metro

 

မန်ယူအသင်းဟာ လက်ရှိမှာ များပြားတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင် ထားပေမယ့် အသင်းနဲ့ အနာဂတ် မရေရာတော့တဲ့ ကွင်းလယ်လူ ပေါ့ဘာနဲ့ အသက်အရွယ် ရလာတဲ့ မာတစ်ရဲ့ နေရာအတွက် ဇာကာရီယာကို ခေါ်ယူချင်နေတာ ဖြစ်ပြီး ချယ်လ်ဆီးအသင်း ကတော့ အသင်းရဲ့ ကွင်းလယ် အင်အားကို တိုးမြှင့်လိုသလို အသင်းရဲ့ ကွင်းလယ်လူ ကန်တီရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေတာကြောင့် ဇာကာရီယာကို ခေါ်ယူဖို့ ချိတ်ဆက် နေတာဖြစ်ကြောင်း အတွင်းသတင်းတေ ွအရ သိရပါတယ်။ အဆိုပါ သတင်းတွေအပေါ် ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနကလည်း အတည်ပြု ပေးထားပြီး ဇာကာရီယာကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ပြောင်းရွှေ့ကြေး ယူရို ၄၅သန််း ဝန်းကျင် သုံးစွဲရဖွယ် ရှိကြောင်း သုံးသပ် ထားပါတယ်။