MySport Myanmar

အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို လိုချင်ရင် ရိုဒရီဂိုကို ပြန်ပေးရမယ်လို့ ရီးယဲလ်အား ဘိုင်ယန် အသိပေး

ဘိုင်ယန်မြူးနစ်အသင်းက ရီးယဲလ်မက်ဒရစ်အနေနဲ့ သူတို့ရဲ့ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူချင်တယ်ဆိုရင် ရီးယဲလ် တိုက်စစ်ကစားသမား ရိုဒရီဂိုကို ပြန်ပေးရမယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ရီးယဲလ်အသင်းဟာ ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို အသင်းရဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် အတော်လေးကို စိတ်ဝင်စားလျက် ရှိနေပြီး လာမယ့်နွေမှာ အရ ခေါ်ယူသွားဖို့ပါ စီစဉ်ထားပါတယ်။

Photo Credit : CBC

အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဒေးဗီးစ်ဟာ ဘိုင်ယန်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး မေဂျာလိဂ်ကလပ် ဗန်ကူးဗား ဝှိုက်ကပ်စ်ကနေ ဘိုင်ယန်ကို ရောက်ရှိချိန်ကနေ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၁၇၂)ပွဲအထိ ကစားပေးထားနိုင်ခဲ့ပါတယ်။

ဒေးဗီးစ်ရဲ့ လက်ရှိတန်ကြေးက ယူရို သန်း(၇၀)လောက်အထိ ရှိနေပြီး ရီးယဲလ်ကတော့ ခံစစ်ဘယ်ခြမ်းအတွက်ရော ညာခြမ်းအတွက်ပါ ထိပ်သီး ကစားသမားတွေနဲ့ အားဖြည့်ချင်နေတဲ့အတွက် ဒေးဗီးစ်ကို အရ ခေါ်ယူဖွယ် ရှိနေပါတယ်။

Photo Credit : The New York Times

ဒါပေမယ့် ဘိုင်ယန်ကလည်း ဒေးဗီးစ်လို သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို အလွယ်တကူ လက်လွတ်မသွားချင်ပဲ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ကိုသာ ဆက်လက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေပါတယ်။

နောက်ပြီး ဘိုင်ယန်က အသင်း တိုက်စစ်ပိုင်းအတွက် ရီးယဲလ်က ဘရာဇ်ီးလ် ကြယ်ပွင့်လေး ရိုဒရီဂိုကိုပါ မျက်စိကျနေတာကြောင့် ရီးယဲလ်အနေနဲ့ ဒေးဗီးစ်ကို အလိုရှိတယ်ဆိုရင် ရိုဒရဂိုကို သူတို့အသင်းဆီ ပြန်လည် ပေးနိုင်မှ အပြောင်းအရွှေ့ကို လက်ခံသွားမယ်လို့ တုံ့ပြန်သွားခဲ့ပါတယ်။

Exit mobile version