ဘိုင်ယန်မြူးနစ်အသင်းကတော့ သူတို့အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ထဲကို hack ပြီး ဝင်ရောက်နိုင်ခဲ့ကာ ဝက်ဘ်ဆိုဒ်ရဲ့ လုံခြုံရေး ချို့ယွင်းချက်များကို တွေ့ရှိနိုင်ခဲ့တဲ့ အသင်းပရိသတ်တစ်ဦးကို သောမတ်စ်မူလာကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ဘိုင်ယန်ဂျာစီတစ်ထည် လက်ဆောင်ချီးမြှင့်သွားခဲ့တယ်လို့ သိရှိရပါတယ်။

Thomas 'Ghost' Martins was rewarded with a signed Thomas Muller shirt after hacking into Bayern Munich's website

Photo Credit : Daily Mail

ဒန်နီရယ်ဂို့စ်မာတင်ဆိုသူ ဘိုင်ယန်ပရိသတ်တစ်ဦးဟာ သတင်းအချက်အလက်နဲ့ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူအားပေးရတဲ့ ဘိုင်ယန်အသင်းကိို တစ်နည်းနည်းနဲ့ ကူညီနိုင်ဖို့အတွက် ဝက်ဘ်ဆိုဒ်ကို စစ်ဆေးဖို့ ရွေးချယ်ခဲ့တာဖြစ်သလို သူဝင်ရောက် လေ့လာခဲ့ချိန်မှာလည်း ငွေကြေးဆိုင်ရာ အချက်အလက်တွေ အပါအဝင် တခြားသော လျှို့ဝှက်တဲ့ အချက်အလက်များကို ဖော်ထုတ်ခံရနိုင်တဲ့ အခြေအနေမျိုးတွေ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ မာတင်က သူရဲ့တွေ့ရှိချက်တွေကို ဘိုင်ယန်အသင်းဆီ တင်ပြခဲ့ပေမယ့် ကနဦးမှာ အသင်းဘက်က ဘာမှ တုံ့ပြန်မှု မရှိခဲ့ပဲ နောက်ပိုင်းမှသာ ကျေးဇူးတင်ကြောင်း ပြသတဲ့အနေနဲ့ အသင်းဂျာစီတစ်ထည်ကို လက်ဆောင်ပေးပို့ခဲ့ပါတယ်။

The shirt arrived after he let Bayern know that their website was at risk of being breached

Photo Credit : Daily Mail

အသင်းဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်စစ်ဆေးနေတုန်း လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ တွေ့မြင်ခဲ့တဲ့အပေါ် မာတင်က “ကျွန်တော် ချို့ယွင်းချက်တွေကို ရှာတွေ့တာနဲ့ ချက်ချင်းပဲ အစီရင်ခံစာတင်ပြီး သူတို့ဆီကို ပို့လိုကတယ်။ သူတို့တွေက အဲ့ဒါကို ပြန်လည် ပြင်ဆင်ဖို့ အချိန်ယူခဲ့ရပြီး အစောပိုင်းကတော့ ကျွန်တော့်ကို အကြောင်းမပြန်ခဲ့ပါဘူး။ ဒါပေမယ့် သတင်းထောက်တစ်ဦးက ဒီအချက်ကိုမြင်ပြီး သူတို့နဲ့ ဆက်သွယ်နိုင်ဖို့အတွက် ကူညီပေးခဲ့ပါတယ်။ အောင်မြင်သွားခဲ့တယ်။ သူတို့လည်း အဲ့ဒါကို ပြင်ဆင်နိုင်ခဲ့တယ်။ သူတို့က ကျွန်တော့်ကို ကျေးဇူးတင်တဲ့အနေနဲ့ ဘိုင်ယန်မှာ ကျွန်တော် အရမ်း သဘောအကျရဆုံး ကစားသမား သောမတ်စ်မူလာ လက်မှတ်ထားတဲ့ ဂျာစီကို လက်ဆောင်ပို့ပေးခဲ့ပါတယ်” လို့ ရှင်းပြခဲ့ပါတယ်။ မာတင်က ဘိုင်ယန်ရဲ့ ဝက်ဘ်ဆိုဒ် လုံခြုံရေးအတွက် ကူညီပေးသွားနိုင်ခဲ့ပေမယ့် ဘိုင်ယန်ဘက်ကတော့ ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်း (၄)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ဆုံးထားမှုကို အခု international break ကာလအတွင်းမှာ အဖြေရှာဖို့ လိုအပ်နေပြီး နိုင်ငံတကာပွဲစဉ်တွေအပြီး လေဗာကူဆင်နဲ့ ရင်ဆိုင်ရမယ့် ပွဲမှာလည်း ရလဒ်ကောင်းတွေ ပြန်လည် ရှာဖွေဖို့ မဖြစ်မနေကို လိုအပ်နေပါတယ်။