MySport Myanmar

ရာယာကို မရနိုင်တော့လို ဒီဂီယာကိုပဲ ပစ်မှတ်ထားလာနိုင်တဲ့ ဘိုင်ယန်

ဘိုင်ယန်မြးနစ်အသင်းကတော့ လက်ရှိမှာ ပရီးမီးယားလိဂ်က ကစားသမားတွေကို ခေါ်ယူဖို့အတွက် အလုပ်တွေ ရှုပ်နေရပါတယ်။ စပါးအသင်း တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းဆီ အရ ခေါ်ယူဖို့ ကြိုးပမ်းနေသလို ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကိုလည်း ကမ်းလှမ်းမှု လုပ်ဆောင်ခဲ့ရာ ပယ်ချခံလိုက်ရပါတယ်။

Photo Credit : Sky Sports

တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ လိုအပ်နေတဲ့ ဘိုင်ယန်က ဆွန်းမားကို အင်တာမီလန်အသင်းဆီ လက်လွတ်ရတော့မှာမို့ ဂိုးသမား နောက်တစ်ဦး ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာကြောင့် ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကို အငှား+အပြီးသတ် ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ရာ ဘရန့်ဖို့ဒ်ကရော ရာယာကပါ ပယ်ချသွားခဲ့ပါတယ်။

လက်ရှိမှာ စပိန် လက်ရွေးစင် ဂိုးသမား ရာယာက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘိုင်ယန် နဲ့ အာဆင်နယ်အသင်းတို့ထဲမှ အာဆင်နယ်အသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေတာကြောင့် ဘိုင်ယန်အနေနဲ့ ရာယာထက် နောက်ထပ် ဂိုးသမားတစ်ဦးကိုသာ ဆက်လက် ကြိုးပမ်းသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ဒီလို အခြေအနေတွေကြောင့် ဘိုင်ယန်က သူတို့ရဲ့ ဂိုးသမား shortlist ထဲမှာ အပါအဝင် ဖြစ်နေသူ နောက်ထပ် စပိန် ဂိုးသမား ဒေးဗစ် ဒီဂီယာကို ပြန်လည် မျက်စိကျလာခဲ့ပါတယ်။ ဒီဂီယာက လက်ရှိမှာ အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်နေပြီး သူ့ကိုတော့ ဆော်ဒီ ကလပ်အသင်း (၂)သင်းခန့်က ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားသလို ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။

အသက် (၃၂)နှစ်အရွယ် စပိန်လက်ရွေးစင်ဟောင်း ဒီဂီယာဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားချိန်မှာ အသင်းနဲ့ သက်တမ်း ထပ်မတိုးတော့ပဲ လက်တွဲဖြုတ်ခဲ့ပါတယ်။ ဒီဂီယာကို ဂိုးသမား လိုအပ်နေတဲ့ အင်တာမီလန်ကလည်း ကြိုးပမ်းခဲ့သေးပမယ့် လစာကိစ္စ ညှိနှိုင်းမရလို့ အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

Exit mobile version