ဒီနေ့ညမှာတော့ အက်အေဖလား စတုတ္ထအဆင့် ပြန်ကန်ပွဲအဖြစ် စပါးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသလို အီတလီဘက်မှာကလည်း စီးရီးအေပွဲစဉ်(၁၇)ရဲ့ တစ်ပွဲတည်းသောပွဲကျန်ဖြစ်တဲ့ လာဇီယိုနဲ့ ဗီရိုနာအသင်းတို့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့တဲ့အပြင် ဂျာမနီဘက်မှာလည်း ပြည်တွင်းရှံးထွက်ဖလားပွဲဖြစ်တဲ့ ဂျာမန်ပိုကယ်ဖလားရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဟောဖန်ဟိမ်းအသင်းတို့ ထိပ်တိုက်ရင်ဆိုင်ကစားခဲ့ကြပါတယ်။

Photo Credit : Getty Images

စီးရီးအေမှာ အဆင့်၃နေရာကို ရောက်ရှိလို့နေပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ အင်တာမီလန်အသင်းနဲ့ စီးရီးအေပွဲစဉ်အတွင်း ရှံးနိမ့်ခဲ့ပြီးနောက်ပိုင်း စီးရီးအေမှာ လုံးဝကို ရှံးပွဲမရှိသေးသော လာဇီယိုအသင်းဟာ ဒီနေ့မှာတော့ စီးရီးအေပွဲစဉ်(၁၇)ရဲ့ပွဲကျန်အဖြစ် ဗီရိုနာအသင်းနဲ့ ကစားသွားခဲ့ကာ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ အမ်မိုဘီလီ ကိုင်စီဒို မီလန်ကိုဗစ် လူးကပ်စ် အယ်ဘာတိုတို့လို အဓိက ကစားသမားအများအပြားနဲ့ ပွဲထွက်လာခဲ့တဲ့ လာဇီယိုအသင်းကို ပြိုင်ဘက်ဗီရိုနာအသင်းကလည်း အကောင်းဆုံးတုန့်ပြန်ကစားခဲ့ပြီး အိမ်ရှင်အသင်းနဲ့ ခြေရည်တူကစားသွားပြီး ရမှတ်တစ်မှတ် ခွဲယူနိုင်ခဲ့ပါတယ်။ ဒီသရေပွဲကြောင့် လာဇီယိုအသင်းဟာ အဆင့်၂နေရာကို တတ်လှမ်းနိုင်မယ့် အခွင့်အရေးကနေ လွဲချော်ခဲ့ပြီး အဆင့်၃နေရာမှာပဲ ဆက်လက်ကျန်ရစ်နေခဲ့ပါတယ်။

Photo Credit : Getty Images

ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီ ပိုကယ်ဖလားရှံးထွက်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဟောဖန်ဟိမ်းအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး ၄ဂိုး၃ဂိုးနဲ့ အနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့်ဆီကို တတ်လှမ်းခွင့်ရသွားခဲ့ပါတယ်။ လီဝန်ဒေါစကီး မူလာ ကော်တင်ဟို နာဘရီတို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့တဲ့ ဘိုင်ယန်အသင်းဟာ ဟော့ဖန်ဟိမ်းအသင်းကို အသာစီးရယူ ကစားနိုင်ခဲ့ပေမယ့် ပွဲအစ အထလေးမှုကနေ ခွင့်ပြုခဲ့ရတဲ့ သွင်းဂိုးရယ် ၄ဂိုး၁ဂိုးဖြစ်နေချိန် ကစားပုံကျဆင်းသွားခဲ့လို့ သွင်းဂိုးတွေ ပြန်ခွင့်ပြုရင်းနဲ့ အခုလို ၄ဂိုး၃ဂိုး ဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ ဘိုင်ယန်အတွက် သွင်းဂိုးတွေကို လီဝန်ဒေါစကီးက ၂ဂိုး မူလာက ၁ဂိုးနဲ့ ပြိုင်ဘက်အသင်းဘက်ကနေ ကိုယ့်ဂိုးကိုသွင်းယူခဲ့တဲ့ Own Goal တွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။