ဒီႏွစ္ေႏြေစ်းကြက္တေလွ်ာက္လုံးမွာ အသင္းရဲ႕ ေတာင္ပံေနရာအတြက္ မန္စီးတီးအသင္းရဲ႕ လူငယ္ဂ်ာမန္ကစားသမားေလး လိရြိဳင္းဆာေနးကုိ ေတာက္ေလွ်ာက္ပစ္မွတ္ထားလာခဲ႔တဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းဟာ ဆာေနးကုိ ေခၚယူဖုိ႔ မျဖစ္ႏိုင္ေတာ့တဲ႔အခ်ိန္မွာ အင္တာမီလန္အသင္းရဲ႕ ဝါရင့္ခရုိေအးရွား ေတာင္ပံလူ အုိင္ဗန္ပါရီဆစ္ကုိ တစ္ရာသီအငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ႔လုိက္ပါတယ္။ ဘုိင္ယန္အသင္းဟာ ပါရီဆစ္ကုိ အငွားနဲ႔ေခၚယူလုိက္ႏုိင္ေပမယ့္ အားျဖည့္တင္းမႈကုိ ဆက္လက္ျပဳလုပ္ခ်င္ေနၿပီး ဘာစီလုိနာကစားသမား ေကာ္တင္ဟုိကိုပါ ဆက္လက္ေခၚယူဖုိ႔ ျပင္ဆင္လ်က္ရွိေနပါတယ္။

Photo Credit : Getty Images

ဘုိင္ယန္အသင္းဟာ ရီဘာရီ ေရာ္ဘင္တုိ႔နဲ႔ လမ္းခြဲလုိက္ၿပီးတဲ႔ေနာက္မွာ ကစားသမားအင္အားျဖည့္တင္းဖုိ႔အတြက္ ပရီးမီးယားလိဂ္ၾကယ္ပြင့္ကစားသမားေတြျဖစ္တဲ႔ အုိဒြိဳင္း ဆာေနးတုိ႔ကုိ ပစ္မွတ္ထားခဲ႔တာျဖစ္ၿပီး ႏွစ္ေယာက္လုံး ေခၚယူလုိ႔မျဖစ္ႏုိင္ေတာ့တဲ႔အခ်ိန္မွာေတာ့ ဝါရင့္ကစားသမားႀကီးျဖစ္တဲ႔ ပါရီဆစ္ကုိ အငွားနဲ႔ ေခၚယူခဲ႔တာျဖစ္သလုိ ဘာစီလုိနာအသင္းရဲ႕ ဘရာဇီးလက္ေရြးစင္ ကြင္းလယ္တုိက္စစ္ကစားသမား ဖီလစ္ပီေကာ္တင္ဟုိကုိလည္း အငွားနဲ႔ ဆက္လက္ေခၚယူသြားခ်င္ေနၿပီး အငွားစာခ်ဳပ္ျပည့္ခ်ိန္မွာ အၿပီးသတ္ေခၚယူသြားမွာျဖစ္ပါတယ္။

Photo Credit : Getty Images

လီဗာပူးလ္ကစားသမားေဟာင္း ေကာ္တင္ဟုိကေတာ့ ဘာစီလိုနာမွာ ရုန္းကန္ေနရတာျဖစ္ၿပီး ေျခစြမ္းျပသဖုိ႔ေရာ ပြဲထြက္ကစားခြင့္ရဖုိ႔ပါ ရုန္းကန္ေနရတာျဖစ္ပါတယ္။ ဒီေစ်းကြက္ထဲမွာ ေကာ္တင္ဟုိဟာ ပရီးမီးယားလိဂ္ကုိ ျပန္လည္ေျပာင္းေရႊ႔ဖုိ႔ အခြင့္အေရးရခဲ႔ေပမယ့္လည္း သူ႔ကုိ အမွန္တကယ္ စိတ္ဝင္စားခဲ႔တဲ႔ စပါးအသင္းရဲ႕ ကမ္းလွမ္းခ်က္ကုိ ပယ္ခ်ခဲ႔ၿပီး ဘာစီလုိနာမွာသာ ဆက္လက္က်န္ရွိေနခဲ႔ပါတယ္။ ဘာစီလုိနာအသင္းကေတာ့ သူတုိ႔အသင္းသားေနမာကုိ ျပန္လည္ေခၚယူဖုိ႔အတြက္ ေျပာင္းေရႊ႔ေၾကး ျမင့္မားစြာ မသုံးႏုိင္တာေၾကာင့္ ေကာ္တင္ဟုိကုိ အေျပာင္းအေရႊ႔ တစိတ္တပုိင္းအျဖစ္ အသုံးျပဳခ်င္ေနတာျဖစ္ပါတယ္။

Photo Credit : Getty Images

ဒါေၾကာင့္ ဘုိင္ယန္ရဲ႕ တစ္ရာသီအငွားနဲ႔ ေခၚယူခ်င္ေနတဲ႔ ကမ္းလွမ္းခ်က္ကုိ ဘာစီလုိနာဘက္ကေန ပယ္ခ်လာႏုိင္ပါတယ္။ ဒါေပမယ့္ ေနမာကုိ ေခၚယူမယ့္ကိစၥမွာ သူတုိ႔အသင္းရဲ႕ မဟာၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္အသင္းပါ ပါဝင္ေနတာျဖစ္ၿပီး ဘာစီလုိနာထက္ ေျပာင္းေရႊ႕ေၾကးျမင့္မားစြာ ကမ္းလွမ္းလာႏုိင္တာေၾကာင့္ ေနမာကုိ ေခၚယူဖုိ႔ လက္ေလွ်ာ့လာႏိုင္ဖြယ္ ရွိပါတယ္။ ဒီလုိသာ ေနမာကုိ ေခၚယူဖုိ႔ လက္ေလွ်ာ့လာရမယ္ဆုိရင္ေတာ့ ေကာ္တင္ဟုိကုိ အသင္းကေန စြန္႔လႊတ္သြားႏုိင္ဖြယ္ရွိေနလုိ႔ ေကာ္တင္ဟုိရဲ႕ အနာဂတ္က ေနမာနဲ႔ တုိက္ရုိက္ပတ္သက္ေနႏုိင္ပါတယ္ခင္ဗ်ာ။

(Unicode)

ဒီနှစ်နွေစျေးကွက်တလျှောက်လုံးမှာ အသင်းရဲ့ တောင်ပံနေရာအတွက် မန်စီးတီးအသင်းရဲ့ လူငယ်ဂျာမန်ကစားသမားလေး လိရွိုင်းဆာနေးကို တောက်လျှောက်ပစ်မှတ်ထားလာခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆာနေးကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ အင်တာမီလန်အသင်းရဲ့ ဝါရင့်ခရိုအေးရှား တောင်ပံလူ အိုင်ဗန်ပါရီဆစ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူခဲ့လိုက်ပါတယ်။ ဘိုင်ယန်အသင်းဟာ ပါရီဆစ်ကို အငှားနဲ့ခေါ်ယူလိုက်နိုင်ပေမယ့် အားဖြည့်တင်းမှုကို ဆက်လက်ပြုလုပ်ချင်နေပြီး ဘာစီလိုနာကစားသမား ကော်တင်ဟိုကိုပါ ဆက်လက်ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေပါတယ်။

Photo Credit : Getty Images

ဘိုင်ယန်အသင်းဟာ ရီဘာရီ ရော်ဘင်တို့နဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက်မှာ ကစားသမားအင်အားဖြည့်တင်းဖို့အတွက် ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ အိုဒွိုင်း ဆာနေးတို့ကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး နှစ်ယောက်လုံး ခေါ်ယူလို့မဖြစ်နိုင်တော့တဲ့အချိန်မှာတော့ ဝါရင့်ကစားသမားကြီးဖြစ်တဲ့ ပါရီဆစ်ကို အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်သလို ဘာစီလိုနာအသင်းရဲ့ ဘရာဇီးလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ဖီလစ်ပီကော်တင်ဟိုကိုလည်း အငှားနဲ့ ဆက်လက်ခေါ်ယူသွားချင်နေပြီး အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူသွားမှာဖြစ်ပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်ကစားသမားဟောင်း ကော်တင်ဟိုကတော့ ဘာစီလိုနာမှာ ရုန်းကန်နေရတာဖြစ်ပြီး ခြေစွမ်းပြသဖို့ရော ပွဲထွက်ကစားခွင့်ရဖို့ပါ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒီစျေးကွက်ထဲမှာ ကော်တင်ဟိုဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း သူ့ကို အမှန်တကယ် စိတ်ဝင်စားခဲ့တဲ့ စပါးအသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး ဘာစီလိုနာမှာသာ ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။ ဘာစီလိုနာအသင်းကတော့ သူတို့အသင်းသားနေမာကို ပြန်လည်ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး မြင့်မားစွာ မသုံးနိုင်တာကြောင့် ကော်တင်ဟိုကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အသုံးပြုချင်နေတာဖြစ်ပါတယ်။

Photo Credit : Getty Images

ဒါကြောင့် ဘိုင်ယန်ရဲ့ တစ်ရာသီအငှားနဲ့ ခေါ်ယူချင်နေတဲ့ ကမ်းလှမ်းချက်ကို ဘာစီလိုနာဘက်ကနေ ပယ်ချလာနိုင်ပါတယ်။ ဒါပေမယ့် နေမာကို ခေါ်ယူမယ့်ကိစ္စမှာ သူတို့အသင်းရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းပါ ပါဝင်နေတာဖြစ်ပြီး ဘာစီလိုနာထက် ပြောင်းရွှေ့ကြေးမြင့်မားစွာ ကမ်းလှမ်းလာနိုင်တာကြောင့် နေမာကို ခေါ်ယူဖို့ လက်လျှော့လာနိုင်ဖွယ် ရှိပါတယ်။ ဒီလိုသာ နေမာကို ခေါ်ယူဖို့ လက်လျှော့လာရမယ်ဆိုရင်တော့ ကော်တင်ဟိုကို အသင်းကနေ စွန့်လွှတ်သွားနိုင်ဖွယ်ရှိနေလို့ ကော်တင်ဟိုရဲ့ အနာဂတ်က နေမာနဲ့ တိုက်ရိုက်ပတ်သက်နေနိုင်ပါတယ်ခင်ဗျာ။