MySport Myanmar

နောက်ထပ် ဒေါ့မွန် ကစားသမားတစ်ဦးကို ကောက်စားဦးမယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်ဟာ သူတို့ရဲ့ ဒေသတွင်း ပြိုင်ဘက် ဒေါ့မွန်အသင်းက ကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီး ဂေါ့ဇီ ဟမ်းမဲလ်စ်တို့လို ကစားသမားကောင်းတွေကို ခေါ်ယူခဲ့သလို တခြားသော ဒေသတွင်း ပြိုင်ဘက်အသင်းတွေက ကစားသမားကောင်းတွေကိုလည်း မကြာခဏ ခေါ်ယူတတ်ပါသေးတယ်။ အခုလည်း ဒေါ့မွန် ကစားသမားတစ်ဦးကို ထပ်မံ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။

Photo Credit : BVB Buzz

ဒီကစားသမားကတော့ ဒေါ့မွန် ဘယ်နောက်ခံကစားသမား ရာဖယ်ဟယ်ဂယ်ဟေရိုပါ။ ပေါ်တူဂီ လက်ရွေးစင် ဘယ်ခြမ်း ခံစစ်ကစားသမား ဂွာဟေရိုဟာ ဒီနွေမှာပဲ ဒေါ့မွန်အသင်းကနေ free transfer နဲ့ ထွက်ခွာသွားတော့မှာပဲ ဖြစ်ပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ဂယ်ဟေရိုဟာ ၂၀၁၆ခုနှစ်ကမှ ပြင်သစ်ကလပ် လော်ရီးယန့်အသင်းကနေ ဒေါ့မွန်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၇)ရာသီ ကျင်လည်ပြီးချိန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

အခုတော့ ဂယ်ဟေရိုကို ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေထဲမှာ ဘိုင်ယန်လည်း ပါဝင်လာခဲ့ပါတယ်။ ဘိုင်ယန်က ဒီနွေမှာ အသင်းရဲ့ ဘယ်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ဆုံးရှုံးရနိုင်လို့ ဟာနန်ဒက်ဇ်နေရာမှာ ဂယ်ဟေရိုနဲ့ ပြန်လည် အားဖြည့်ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ ဘိုင်ယန်နည်းပြ သောမတ်စ်တူဟယ်လ်ကလည်း ဒေါ့မွန်နည်းပြအဖြစ် ဆောင်ရွှက်ခဲ့စဉ်တုန်းက ဂယ်ဟေရိုကို ဒေါ့မွန်ဆီ ခေါ်ဆောင်ခဲ့ဖူးတာကြောင့် သူ့တပည့်နဲ့ နောက်တစ်ကြိမ် ပူးပေါင်းချင်နေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာ ဘိုင်ယန်အသင်းရဲ့ ဘယ်နောက်ခံလူတွေဖြစ်တဲ့ လူးကပ်စ်ဟာနန်ဒက်ဇ် နဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်တို့ကို ပီအက်စ်ဂျီအသင်း နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့က အသည်းအသန် စိတ်ဝင်စားနေကြပြီး တကယ်လို့ left-back player တစ်ဦးဦး အသင်းက ထွက်ခွာသွားမယ်ဆိုရင် ဂယ်ဟေရိုနဲ့ အစားထိုးသွားဖို့ ရှိနေပါတယ်။

Exit mobile version