MySport Myanmar

စပါးမှာ နေရာပျောက်နေရသူ အဲရစ် ဒိုင်ယာကို ဘိုင်ယန် စိတ်ဝင်စားနေ

တော့တင်ဟမ် ဟော့စပါးအသင်းမှာ ပွဲကစားခွင့်တွေ လုံးဝ ပျောက်ဆုံးနေရတဲ့ အင်္ဂလန် ကစားသမား အဲရစ် ဒိုင်ယာကို ဂျာမန် ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ စိတ်ဝင်စားနေတယ်လို့ ဂျာမန် သတင်းစာ Blid ကနေ ဖော်ပြလာခဲ့ပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟောင်း နောက်ခံလူ ဒိုင်ယာဟာ နည်းပြ ပိုစတီကိုဂလူး လက်ထက် စပါးအသင်းမှာ လုံးဝကို နေရာပျောက်ဆုံးနေရတာဖြစ်ပြီး ဒီရာသီရဲ့ ပွဲစဉ်(၄)ပွဲလုံးမှာလည်း အရန်ကစားသမား စာရင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိခဲ့ပဲ အနာဂတ် ဝေဝါးနေရပါတယ်။

Photo Credit : Yardbarker

ဒိုင်ယာက ပရီးမီးယားလိဂ် အဖွင့် (၃)ပွဲလုံးမှာတောင် အရန်လူစာရင်းထိ မပါဝင်ခဲ့သလို မနေ့ညက ဖူလ်ဟမ်နဲ့ ကစားခဲ့ရတဲ့ လိဂ်ဖလားပွဲမှာပါ အသင်းအတွက် ပါဝင် ကစားရခြင်း မရှိတာကြောင့် ဒိုင်ယာရဲ့ အခြေအနေက ဈေးကွက်ပိတ်ခါနီးမှာ စောင့်ကြည့်သွားချင်စရာ ဖြစ်လာခဲ့ပါတယ်။

ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့နေရတဲ့ ဒိုင်ယာကို ဘိုင်ယန်မြူးနစ်အသင်းက စိတ်ဝင်စားလို့နေပြီး ဗဟို ခံစစ် နေရာမှာသာမကပဲ ကွင်းလယ် ခံစစ်နေရာအထိ ကစားနိုင်တဲ့ ဒိုင်ယာကို ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Twitter

ဘိုင်ယန်က ခံစစ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းဖို့ မလိုအပ်ပေမယ့်လည်း ကွင်းလယ်မှာ နံပါတ် (၆)နေရာ defensive midfield နေရာ ကစားနိုင်တဲ့ ကစားသမားတစ်ဦးခန့်လောက်ကို အလိုရှိနေတဲ့အတွက် CB ရော DM နေရာတွေပါ ကစားတတ်သူ ဒိုင်ယာကို ကမ်းလှမ်းလာနိုင်ပါတယ်။

နံပါတ် (၆)နေရာအတွက် ကစားသမား လိုအပ်နေတဲ့ ဘိုင်ယန်ဟာ ဒိုင်ယာအပြင် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ စကော့တလန် ကွင်းလယ်လူ မက်တွမ်မီနေးကိုပါ အငှားနဲ့ ခေါ်ယူဖို့လည်း စိတ်ဝင်စားနေပါတယ်။

Exit mobile version