MySport Myanmar

ဟယ်ရီကိန်းရဲ့ အသင်းဖော်ဟောင်းကိုပါ ခေါ်ယူဖို့ ချိန်ရွယ်လာခဲ့တဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေဈေးကွက်အတွင်းမှာပဲ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သလို လာမယ့် ဆောင်းမှာလည်း ဟယ်ရီကိန်းရဲ့ စပါးအသင်းဖော်ဟောင်းဖြစ်သူ အဲရစ်ဒိုင်ယာကိုပါ ခေါ်ယူဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။

ဘိုင်ယန်ဟာ ကစားသမားဟောင်း ရောဘတ် လီဝန်ဒေါစကီးရဲ့ ကွက်လပ်ကို ဖြည့်တင်းဖို့အတွက် ဟယ်ရီကိန်းလို တိုက်စစ်မှူးမျိုးကို အရ ခေါ်ယူခဲ့ပြီး ကိန်းကလည်း ဘိုင်ယန်မှာ ခြေစွမ်းပြနေချိန် နောက်ထပ် စပါး ကစားသမားတစ်ဦးကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : BBC

ဘိုင်ယန်က လာမယ့် ဆောင်းဈေးကွက်ထဲမှာ ဗဟို ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့ စီစဉ်လျက် ရှိနေပြီး ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ချာလိုဘာ နဲ့ စပါးနောက်ခံလူ ဒိုင်ယာတို့ကို ပစ်မှတ်ထားလျက် ရှိနေပါတယ်။

ဘိုင်ယန်နည်းပြ သောမတ်စ် တူဟယ်လ်ကတော့ သူနဲ့အတူ ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးတဲ့ သူ့တပည့်ဟောင်း ချာလိုဘာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့် တကယ်လို့ ချာလိုဘာကို မခေါ်ယူနိုင်ခဲ့ရင်တော့ ဒိုင်ယာကိုသာ ဆက်လက် ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Goal

အသက် (၂၉)နှစ်အရွယ်ရှိ စပါးနောက်ခံလူ ဒိုင်ယာဟာ နည်းပြသစ် ပိုစတီကိုဂလူး လက်ထက်မှာ အသင်းအတွက် တစ်ပွဲမှကို ပါဝင် ကစားထားရခြင်း မရှိသေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။

ဗဟိုခံစစ် နေရာမှာရော ကွင်းလယ်ခံစစ်အဖြစ်ပါ ကစားတက်သူဖြစ်တဲ့ ဒိုင်ယာဟာ ခံစစ်ရော ကွင်းလယ်ခံစစ် နေရာအတွက်ပါ ကစားသမား ဖြည့်တင်းသွားချင်နေတဲ့ ဘိုင်ယန်အတွက် ရွေးချယ်ချင်စရာ option တစ်ခု ဖြစ်လာခဲ့ရပြီး စပါးကလလည်း ဒိုင်ယာအတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် လက်ခံသွားဖွယ် ရှိနိုင်ပါတယ်။

Exit mobile version