ဒီနှစ်ရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ မန်စီးတီးအသင်းရဲ့ စပိန် တောင်ပံတိုက်စစ်ကစားသမားလေး ဖယ်ရန်တောရက်စ်ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ စျေးကွက်မပိတ်သိမ်းမှာ တိုက်စစ်မှူးတစ်ဦးကို ထပ်မံခေါ်ယူသွားဦးမှာ ဖြစ်တယ်လို့ Marca သတင်းစာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Marca

ဇန်နဝါရီရဲ့ ဆောင်းရာသီစျေးကွက်ကို တစ်လတာအတွင်းသာ ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိမှာတော့ စျေးကွက်မပိတ်ခင် (၂)ပတ်ခန့်လောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘာစီလိုနာအသင်းက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ထောင်တိုက်စစ် ကစားသမားတစ်ဦးကို အရခေါ်ယူသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းရဲ့ တိုက်စစ်ကစားသမား လုခ်ဒီဂျောင်က ဂိုးတွေ ပြန်လည်သွင်းယူလာနိုင်ပေမယ့် နည်းပြဇာဗီက တခြားသော တိုက်စစ်ကစားသမားဖြစ်တဲ့ ​ဒီပိုင်းကို သဘောကျခြင်း မရှိလို့ တိုက်စစ်မှူးသစ် တစ်ဦးကို ထပ်မံခေါ်ယူသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Blaze Trends

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းအတွက် ဂျုဗင်တပ်စ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ စပိန်တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မိုရာတာကို ခေါ်ယူဖို့က ဘက်ပေါင်းစုံကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ဂျုဗင်တပ်စ်ဘက်က တိုက်စစ်ကစားသမားသစ်တစ်ဦး မခေါ်ယူနိုင်သေးသမျှ မိုရာတာကို လက်လွတ်သွားဖို့ ဆန္ဒမရှိသလို မိုရာတာကို ဘာစီလိုနာဘက်က ခေါ်ယူနိုင်မယ်ဆိုရင်တောင် ကစားသမား မှတ်ပုံတင်ဖို့က အခက်တွေ့နိုင်ပြီး ကစားသမားတွေကို လစာလျှော့ ဒါမှမဟုတ် အသင်းကနေ ရောင်းချရနိုင်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကတော့ အသင်းတိုက်စစ်ပိုင်းအတွက် ရီးယဲလ်မက်ဒရစ်နဲ့ အသက်လက်တီကို တိုက်စစ်မှူးဟောင်း မိုရာတာကို အလိုရှိနေပြီး လတ်တလောမှာ ခေါ်ယူနိုင်ဖို့က ခက်ခဲနေပေမယ့်လည်း စျေးကွက်မပိတ်ခင်ထိ ဆက်လက်ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်နဲ့ လက်တွဲဖြုတ်တော့မယ့် အန်တိုနီမာစီယဲလ်ကိုလည်း ဆက်သွယ်လာနိုင်ပါတယ်။