နည်းပြ အမ်မရီကတော့ (၂၀၁၆-၁၇) ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို နည်းပြခဲ့စဉ်က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ VAR ကိုသာ အသုံးပြုခဲ့ပြီ ဖြစ်ရင် ဘာစီလိုနာအသင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့မှာ မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ (၂၀၁၆-၂၇) ခုနှစ်က ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို (၄-ဝ) ရလဒ်နဲ့ အနိုင် ရရှိခဲ့ပေမဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းကို (၆-၁) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်း ရလဒ်နဲ့ (၆-၅) နဲ့ အရေးနိမ့်ပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

Photo Credit: Gettyimage

နည်းပြ အမ်မရီဟာ ပီအက်စ်ဂျီအသင်းကို (၂၀၁၆) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အထိ နည်းပြခဲ့ပြီး ပြိုင်ပွဲစုံ (၁၁၄) ပွဲ နည်းပြခဲ့ရာမှာ နိုင်ပွဲ (၈၇) ပွဲ ရရှိခဲ့တာကြောင့် လီးဂူးဝမ်း ဖလား (၁) ကြိမ် နဲ့ ပြည်တွင်းဖလား (၄) ကြိမ် ရရှိခဲ့ပါတယ်။ နည်းပြ အမ်မရီက (၂၀၁၆-၁၇) ခုနှစ် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့တာဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်သာ ဖြစ်တယ်လို့ ပြောခဲ့ပြီး VAR သာ ရှိရင် ဘာစီလိုနာအသင်းကို မရှုံးနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Gettyimage

နည်းပြ အမ်မရီက “ကျွန်တော် လီးဂူးဝမ်း ဖလား နဲ့ ပြည်တွင်း ဖလား (၄) ခုကို ရရှိခဲ့ပါတယ်။ နောက်ပြီးတော့ ပြင်သစ် စူပါဖလားကိုလည်း (၂) ကြိမ် ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်က ချန်ပီယံလိဂ် ဖြစ်ခဲ့ပါတယ်။ (၂၀၁၆-၁၇) ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့မှာ အထင်ကြီးစရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ဒုတိယ အကျော့မှာ VAR မရှိလို့ ထွက်ခဲ့ရပြီး ဒိုင်ရဲ့ ဆုံးဖြတ်နဲ့ ထွက်ခဲ့ရပါတယ်”လို့ ပြောသွားပါတယ်။