ကားလက်စ်ပီရက်ဇ်ဆိုတဲဲ့ တောင်ပံတိုက်စစ်ကစားသမားလေးကတော့ ကစားသမားကောင်းတွေကို အမြဲမွေးထုတ်ပေးလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲဲ့ မျိုးဆက်သစ် ကြယ်ပွင့်လေးတစ်ဦးဖြစ်ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာစီနီယာအသင်းနဲ့ ပွဲထွက်ကစားခွင့်တွေ ရံဖန်ရံခါ ရရှိလာခဲ့တဲ့ ဒီကစားသမားလေးဟာ သူရဲ့စီနီယာကစားသမားကြီး လူးဝစ်ဆွာရက်ဇ် ဒူူးဒဏ်ရာရရှိနေချိန်မှာ အသင်းရဲ့တိုက်စစ်မှာ ဝင်ရောက်ကစားဖို့ အခွင့်အရေးတွေ ရရှိလာဖွယ်ရှိနေတယ်လို့ ယူဆထားရပေမယ့်လည်း တကယ်တမ်းမှာတော့ ရိုးမားအသင်းဆီကိုပဲ ရာသီကုန်အငှားချခံခဲ့ရပါတယ်။
Photo Credit : Getty Images
အသက်၂၁နှစ်သာရှိသေးတဲ့ ပီရက်ဇ်ဟာ အန်ဆုဖာတီနဲ့အတူ ဒီရာသီ ဘာစီလိုနာအသင်းကြီးမှာ နေရာရလာခဲ့တာဖြစ်ပြီး ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၁၂ပွဲအထိ ပါဝင်ကစားပေးခဲ့သလို သွင်းဂိုး၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဘယ်ညာတောင်ပံနှစ်ဖက်လုံးမှာ ပါဝင်ကစားတတ်တဲ့ ပီရက်ဇ်ဟာ အင်တာမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲမှာလည်း အင်တာဘက်ကို သွင်းဂိုး၁ဂိုး ရယူခဲ့သူဖြစ်ကာ အခုလို ဆွာရက်ဇ်ဒဏ်ရာရနေချိန်မှာ ဂရစ်ဇ်မန်းက ဆွာရက်ဇ်နေရာကို ဝင်ရောက်နေတာမို့ ပီရက်ဇ်အနေနဲ့ကလည်း တောင်ပံတစ်ချက်မှာ ဝင်ရောက်ကစားရဖွယ်ရှိတယ်လို့ ခန့်မှန်းထားခံရပေမယ့်လည်း ရိုးမားအသင်းဆီကိုသာ အငှားချခံခဲ့လိုက်ရပါတယ်။
Photo Credit : Getty Images
ရိုးမားအသင်းကတော့ ဂျုဗင်တပ်စ်အသင်းနဲ့ ကစားခဲ့ရတဲ့ ကိုပါအီတလီယာပွဲစဉ်အတွင်း ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့လို့ ရာသီကုန်အထိ အနားယူရတော့မယ့် ဇာနီအိုလိုရဲ့နေရာအတွက် ပီရက်ဇ်နဲ့အစားထိုး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကနဦးပိုင်းမှာတော့ အင်တာမီလန်အသင်းက လူငယ်ကစားသမား ပိုလီတာနိုကို ခေါ်ယူဖို့အတွက် အခြေအနေကောင်းခဲ့ပေမယ့်လည်း အပြီးသတ်ခါနီးကျမှ အဆင်မပြေခဲ့လို့ ပီရက်ဇ်ကို ရွေးချယ်ခေါ်ယူခဲဲ့တာဖြစ်ပါတယ်။ ရိုးမားအသင်းက ပီရက်ဇ်အတွက် အငှားခေါ်ယူခအဖြစ် ယူရို၁သန်းပေးချေခဲ့ရပြီး တကယ်လို့ အငှားသက်တမ်းကုန်ဆုံးချိန် အပြီးသတ်ခေါ်ယူမယ်ဆိုရင် ပေါင်၁၁သန်းဝန်းကျင်လောက်နဲဲ့ ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ အခုလို ပီရက်ဇ်ကို အငှားချခဲ့တာကြောင့် ဘာစီလိုနာအသင်းဟာ အခုဆောင်းစျေးကွက် မပိတ်ခင် နောက်ဆုံးရက်မှာ တိုက်စစ်မှူးတစ်ဦးဦးကို သေချာပေါက်ခေါ်ယူဖွယ်ရှိနေပါတယ်။
(Zawgyi)
တိုက်စစ်လိုအပ်ချက်ရှိပေမယ့်လည်း အသင်းရဲ့တိုက်စစ်မှူးလေးကို အငှားချခဲ့တဲ့ ဘာစီလိုနာ
ကားလက်စ်ပီရက်ဇ်ဆိုတဲ့ တောင်ပံတိုက်စစ်ကစားသမားလေးကတော့ ကစားသမားကောင်းတွေကို အမြဲမွေးထုတ်ပေးလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းရဲ့လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ မျိုးဆက်သစ် ကြယ်ပွင့်လေးတစ်ဦးဖြစ်ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာစီနီယာအသင်းနဲ့ ပွဲထွက်ကစားခွင့်တွေ ရံဖန်ရံခါ ရရှိလာခဲ့တဲ့ ဒီကစားသမားလေးဟာ သူရဲ့စီနီယာကစားသမားကြီး လူးဝစ်ဆွာရက်ဇ် ဒူးဒဏ်ရာရရှိနေချိန်မှာ အသင်းရဲ့တိုက်စစ်မှာ ဝင်ရောက်ကစားဖို့ အခွင့်အရေးတွေ ရရှိလာဖွယ်ရှိနေတယ်လို့ ယူဆထားရပေမယ့်လည်း တကယ်တမ်းမှာတော့ ရိုးမားအသင်းဆီကိုပဲ ရာသီကုန်အငှားချခံခဲ့ရပါတယ်။