MySport Myanmar

မက်ဆီလက်သစ် ကစားသမားလေးကို အရစ်ကျနဲ့ ခေါ်ယူသွားမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားအသင်းနဲ့ တောက်ပခဲ့တဲ့ မက်ဆီလက်သစ် ကစားသမားလေး ကလော်ဒီယို အယ်ချီဗယ်ရီကို အသင်းဆီ ခေါ်ဆောင်သွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

အသက် (၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ အယ်ချီဗယ်ရီဟာ အာဂျင်တီးနား ကစားသမားကောင်း အမြောက်အများကို မွေးထုတ်ပေးနေတဲ့ အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းမှာ ပါဝင် ကစားနေသူဖြစ်ပြီး ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးပရိသတ်တွေ သတိထားလာမိအောင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : FC Barcelona Noticias

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ယူ-၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွင်း ဘရာဇီးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် လူသိများလာခဲ့ရတဲ့ အယ်ချီဗယ်ရီဟာ အဲ့ဒီပွဲစဉ်အပြီးမှာပဲ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုပါ ရရှိလာခဲ့ပါတယ်။

ဘောလုံး အလိမ်အခေါက်တွေ ပြေးအားကောင်းမှုတွေ တစ်ဦးချင်း တွေ့ဆုံမှုတွေ အားပါပြင်းထန်လွန်းတဲ့ ဂိုးကန်ချက်တွေနဲ့ အကောင်းဆုံး စွမ်းဆောင်နိုင်တဲ့ အရည်အသွေးမြင့် လူငယ် ကစားသမားတစ်ဦးဖြစ်သူ အယ်ချီဗယ်ရီကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : TEAMtalk

စပိန်အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဘာစီလိုနာအသင်းဟာ အယ်ချီဗယ်ရီကို အရ ခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေး ညှိနှိုင်းမှုတွေ အသေအချာ လုပ်ဆောင်လျက် ရှိနေပြီလို့ သိရှိရပါတယ်။

ဘာစီလိုနာအသင်းက အာဂျင်တီးနား လူငယ်ကြယ်ပွင့်လေး အယ်ချီဗယ်ရီအတွက် သူရဲ့ စာချုပ်ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို (၂၅)သန်းထက် ပိုမို ပေးချေသွားဖို့ ရှိနေပြီး ဒါပေမယ့်လည်း ငွေပေးချေမှုကိုတော့ အရစ်ကျ ပေးချေမှုနဲ့သာ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Exit mobile version