MySport Myanmar

ဂျာအို ဖီးလစ်ကို အငှားနဲ့ ခေါ်ပြီးမှ အပြီးသတ် ခေါ်ယူသွားမယ့် ဘာစီလိုနာ

 ဘာစီလိုနာအသင်းကတော့ သူတို့အသင်းဆီ ပြောင်းရွှေ့ချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်တဲ့ ပေါ်တူဂီ တိုက်စစ် ကစားသမား ဂျာအို ဖီးလစ်ကို ခေါ်ယူသွားဖို့ ရှိနေပြီး အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။

Photo Credit : Goal

 ဘင်ဖီကာကနေ အသက်လက်တီကိုအသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ၂၀၁၉ခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖီးလစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာကတည်းက အသက်လက်တီကို နည်းပြ ဆီယေဂို ဆီမြွန်နီနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဆောင်းဈေးကွက်မှာပဲ ချယ်လ်ဆီးအသင်းဆီ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ ချယ်လ်ဆီးကလည်း သူ့ကို အပြီးသတ် ခေါ်ယူမှု မပြုလုပ်ခဲ့တာကြောင့် ဖီးလစ်က ဘာစီလိုနာဆီသာ ပြန်လာခဲ့ရပေမယ့် အသင်းနဲ့ ပြန်လည် ပူးပေါင်းချိန် လေ့ကျင့်ခန်း အစီအစဉ်အတွင်း အသင်းဖော် လီမာနဲ့ ပြသာနာ ဖြစ်ပွားခဲ့လို့ အသင်းဘက်က ဖီးလစ် အခြေအနေအပေါ် အတော်လေး စိတ်ပျက်လာရပါတယ်။

Photo Credit : SPORT

 ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဖီးလစ်အတွက် အေးဂျင့်ဖြစ်သူက ပီအက်စ်ဂျီအသင်းနဲ့ ချိတ်ဆက်ခဲ့ပေမယ့် ပီအက်စ်ဂျီက ဖီးလစ်ကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒီအချိန်မှာ ဖီးလစ်က သူ့ငယ်ဘဝ အိမ်မက်အသင်းက ဘာစီလိုနာ ဖြစ်ကြောင်းနဲ့ ဘာစီလိုနာအသင်းဆီကိုလည်း ပြောင်းရွှေ့ ကစားချင်ကြောင်း ဖွင့်ဟလာခဲ့တာကြောင့် ဘာစီလိုနာကပါ သူတို့အသင်းဆီ လာရောက် ကစားချင်နေတဲ့ ဖီးလစ်ကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။

 ဘာစီလိုနာက ဖီးလစ်ကို အသက်လက်တီကိုကနေ တစ်ရာသီ အငှားစာချုပ်အပြင် အငှား သက်တမ်းပြည့်သွားချိန်မှာ အပြီးသတ် ခေါ်ယူနိုင်မယ့် ကမ်းလှမ်းချက်မျိုးနဲ့ ခေါ်ယူသွားဖို့ ဆွေးနွေးနေပြီဖြစ်ပြီး အသက်လက်တီကိုဘက်ကလည်း ဖီးလစ်ကို အသင်းကနေ သေချာပေါက် ရှင်းထုတ်ချင်နေပြီဖြစ်လို့ ဘာစီလိုနာနဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အပြီးသတ် ခေါ်ယူမှုမှာတော့ ပြောင်းရွှေ့ကြေးကို အတော်လေး ညှိနှိုင်းရနိုင်ပါတယ်။

Exit mobile version