စပိန်ထိပ်သီးကလပ် အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းထံကနေ ပြောင်းရွှေ့ကြေး ပေါင်၁၄၂သန်းနဲ့ ခေါ်ယူထားတဲ့ ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟို ကို ဝယ်ယူထားတဲ့ ငွေကြေးရဲ့ ထက်ဝက်သာ တန်ဖိုးရှိတဲ့ ငွေကြေးတစ်ရပ်နဲ့ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Photo Credit: Marca.com

အသက် ၂၇နှစ်အရွယ် ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ တစ်ရာသီကျော်သာ ကစားခွင့်ရရှိခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ အင်အားကြီးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဆီမှာ အငှားနဲ့ သွားရောက်ကစားကာ ခြေစွမ်းကောင်းတချို့ကို ပြသထားနိုင်ပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို အပြီးသတ် ခေါ်ယူဖို့အတွက် ဆန္ဒမရှိတာကြောင့် ရာသီကုန် မှာ ဘာစီလိုနာအသင်းထံ ပြန်လာရမယ့်သူပါ။

Photo Credit: Marca.com

စပိန်သတင်းစာတွေရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ ကော်တင်ဟိုကို ထည့်သွင်းထားခြင်းမရှိပဲ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ ဝယ်စျေး ပေါင် ၁၄၂သန်းထက် ထက်ဝက်နည်းပါးတဲ့ ပေါင်၇၀သန်းဝန်းကျင် ပမာဏနဲ့ ကော်တင်ဟိုကို ရောင်းချဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

Photo Credit: Marca.com

လက်ရှိအချိန်မှာတော့ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ပြင်သစ်လီဂူးရဲ့ ပြိုင်ဘက်မရှိ အင်အားကြီးအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေခဲ့ပြီး ဒီမာရီယာကို ခေါ်ယူခဲ့သလိုမျိုး ကော်တင်ဟိုကိုလည်း ဘာစီလိုနာမှ လျော့စျေးနဲ့ ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။