ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူကတော့ လာမယ့် အပြောင်းအရွေ့ ဈေးကွက်မှာ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ် နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာတို့ကို ခေါ်ယူနိုင်ဦးမှာ မဟုတ်ဘူးလို့ Sport သတင်းမှာ အခိုင်အမာ အတည်ပြု ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာ နဲ့ အင်တာမီလန် တိုက်စစ်မှူး မာတီနက်စ်တို့ဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ တွဲကစားဖူးတဲ့ သူတွေ ဖြစ်ပြီး နေမာက ဘာစီလိုနာအသင်းမှာ မက်ဆီနဲ့ ကစားဖူးပြီး မာတီနက်စ်က အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ တွဲကစားရတာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ အရေးပေါ် ခေါ်ယူမှု အဖြစ် လီဂါနက်စ်အသင်းရဲ့ တိုက်စစ်မှူး မာတင် ဘရိတ်သဝိတ်ကို ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဘဏ္ဍရေး အရှုံးပေါ်ခဲ့တာကြောင့် ပစ်မှတ် တိုက်စစ်မှူး (၂) ဦးကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာပဲ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ မတ်လ နဲ့ ဇွန်လကြားမှာ ယူရို သန်း (၂၀၀) အရှုံးပေါ်သွားခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဘာတိုမြူကလည်း လက်ရှိရာသီ အပြောင်းအရွေ့မှာ တိုက်စစ်မှူး နေမာ နဲ့ တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

Sport သတင်းမှာ ဘာစီလိုနာ ဥက္ကဌ ဘာတိုမြူက “ဘာစီလိုနာအသင်းက ပြီးခဲ့တဲ့ အပတ်တွေမှာ မာတီနက်စ် အကြောင်းကို အင်တာမီလန်အသင်းနဲ့ ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဦးနှစ်ဖက်ရဲ့ သဘောတူညီမှုအရ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ လက်ရှိအခြေအနေက ကြီးမားလှတဲ့ အပြောင်းရွေ့ကြေးကို ခွင့်မပြုသေးပါဘူး။ လက်ရှိအချိန်မှာတော့ နိုးပါ။ ပီအက်စ်ဂျီအသင်းလည်း မရောင်းချင်ပါဘူး။ ဒါက ဖြစ်သင့်ပါတယ်။ ဘာလို့လဲဆိုရင် နေမာက ကမ္ဘာ့ အကောင်းဆုံးထဲက တစ်ယောက် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ နေမာကို ခေါ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ တကယ် ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ကျွန်တော်တို့ မကြိုးစားခဲ့ပါဘူး။ အသင်းက မတ်လ နဲ့ ဇွန်ကြားမှာ ယူရို သန်း (၂၀၀) ဆုံးရှုံးခဲ့ပါတယ်”လို့ ပြောကြားသွားပါတယ်။