တကယ်လို့ ဘာစီလိုနာ တောင်ပံလူ၊ လက်ရှိ ဘိုင်ယန်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ ကော်တင်ဟိုအနေနဲ့ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဆုဖလား ရရှိမယ်ဆိုရင် ဘာစီလိုနာအသင်းက စာချုပ်အရ လီဗာပူးလ်အသင်းကို ပေါင် (၄.၅) သန်းပေးရမယ့် အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ဘရာဇီး တောင်ပံ ကစားသမား ကော်တင်ဟိုကို ပရီးမီးယားလိဂ် ကလပ် လီဗာပူးလ်အသင်းကနေ ပေါင် (၁၄၂) သန်းနဲ့ အပြီးသတ် ခေါ်ယူခဲ့စဉ်က အမြန်ခေါ်ယူနိုင်ဖို့အတွက် လီဗာပူးလ်အသင်း နည်းပြ ကလော့ပ်ကို မက်လုံးပေးခဲ့ပါတယ်။

Photo Credit: TheSun

ဘာစီလိုနာအသင်းဟာ ကော်တင်ဟိုကို ခေါ်ယူခဲ့စဉ်က ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာအသင်းရဲ ကစားသမား ဖြစ်နေစဉ်အတွင်း ချန်ပီယံလိဂ် ဆုဖလားကို ရရှိမယ် ဆိုရင် လီဗာပူးလ်အသင်းကို ထပ်ဆောင်း အပိုကြေး ပေါင် (၄.၅) သန်း ပေးမယ်လို့ စာချုပ် ချုပ်ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ကော်တင်ဟိုဟာ လက်ရှိမှာ ဘာစီလိုနာအသင်းရဲ့ ကစားသမား ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ ကစာသးမား ဖြစ်တာကြောင့် တကယ်လို့ ချန်ပီယံလိဂ် ဆုဖလား ရရှိမယ် ဆိုရင် ဘာစီလိုနာအသင်းက လီဗာပူးလ်အသင်းကို ပေါင် (၁.၄) သန်း ပေးရမှာ ဖြစ်ပါတယ်။

Photo Credit: TheSun

တောင်ပံ ကစားသမား ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာ အငှားနဲ့ သွားရောက် ကစားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ မူရင်အသင်း ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာတော့ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းကို (၈-၂) နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဒုတိယပိုင်း လူစားလဲ ဝင်ရောက် ကစားလာပြီးတဲ့နောက် သွင်းဂိုး (၂) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ဘာစီလိုနာအသင်းကို ဒုက္ခပြန်ပေးသွားခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ လာမယ့် ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ်မှာ မန်စီးတီးအသင်း ဒါမှမဟုတ်ရင် လိုင်ယွန်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လက်ရှိရာသီမှာ အငှားနဲ့ လာရောက် ကစားတဲ့ ကော်တင်ဟိုနဲ့ အတူ ချန်ပီယံလိဂ် ဆုဖလား ရရှိမယ် ဆိုရင် ဘာစီလိုနာအသင်းက လီဗာပူးလ်အသင်းကို ပေါင် (၄.၅) သန်း ပေးသွားရမှာ ဖြစ်ပါတယ်။