MySport Myanmar

အရောင်းမခံချင်ရင် လစာ ၆၀ရာခိုင်နှုန်း လျှော့ယူရမယ်လို့ ဒီဂျောင်ကို ဘာစီ အသိပေး

စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာကတော့ ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို လစာငွေရဲ့ ၆၀ရာခိုင်နှုန်း အထိသာ လျှော့ယူမယ် ဆိုရင် အသင်းမှာပဲ ဆက်နေနိုင်တယ်လို့ အသိပေးခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်က ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်ပြီး သူက စာချုပ်ပါ အချက်အလက်တွေအရ လာမယ့် ဘောလုံးရာသီမှ စတင်ကာ တနှစ် လုပ်ခလစာ ယူရို ၁၉သန်း အထိ ရရှိဖို့ ရှိနေပါတယ်။

Photo Credit: Express

ဒါပေမယ့် ဘာစီလိုနာရဲ့ လက်ရှိ တာဝန်ရှိသူတွေက ဒီဂျောင်ကို တနှစ် လုပ်ခလစာ ယူရို ၁၉သန်း အထိ ပေးချေလိုခြင်း မရှိတာကြောင့် ဒီဂျောင်ကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ယခုအချိန်မှာတော့ ဘာစီလိုနာက သူတို့ရဲ့ ဘဏ္ဍာရေးပြဿနာကို အထိုက်အလျောက် ဖြေရှင်းနိုင်ခဲ့တာကြောင့် ဒီဂျောင်ကသာ လုပ်ခလစာ လျှော့ယူမယ် ဆိုရင် ဒီဂျောင်ကို မဖြစ်မနေ ရောင်းချစရာ မလိုတော့ပါဘူး။

ဒါကြောင့်ပဲ ဘာစီလိုနာရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒီဂျောင်နဲ့ သူ့ရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ဒီဂျောင်အနေနဲ့ လာမယ့် ဘောလုံးရာသီမှ စတင်ကာ ရရှိမယ့် လုပ်ခလစာရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ ရယူပြီး စာချုပ်သစ် ထပ်ချုပ်မယ် ဆိုရင် ဒီဂျောင်ကို မန်ချက်စတာ ယူနိုက်တက်ဆီ မရောင်းချတော့ပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားမယ်လို့ အသိပေးခဲ့ကြောင်း နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Photo Credit: Express

ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာကလည်း သူတို့အသင်းဟာ ဒီဂျောင်ကို ရောင်းထုတ်ဖို့ ဆန္ဒမရှိကြောင်းနဲ့ အကယ်၍ ဒီဂျောင်ရဲ့ လုပ်ခလစာ မြင့်မားနေမှု ပြဿနာကိုသာ ဖြေရှင်းနိုင်ခဲ့ရင် ဒီဂျောင်ကို အသင်းမှာပဲ ဆက်ထားသွားဖို့ စိတ်ကူးထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားထားပါတယ်။

Exit mobile version