စပိန္လာလီဂါ အင္အားႀကီးအသင္းျဖစ္တဲ့ ဘာစီလိုနာအသင္းကေတာ့ ယခုေဘာလုံးရာသီမွာ ႏွစ္အေတာ္ၾကာေအာင္ ေဝးကြာေနခဲ့တဲ့ ဥေရာပရဲ့ ခ်န္ပီယံလိဂ္ဖလားကို အရယူနိုင္ဖို႔ အတြက္ ဂရစ္ဇ္မန္း ၊ ဒီေဂ်ာင္စတဲ့ ကစားသမားေတြကို ေခၚယူအားျဖည့္ထားခဲ့ေပမယ့္ လက္ရွိ ရရွိထားတဲ့ရလဒ္ပိုင္းကေတာ့ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚနိုင္မယ့္ အသင္းတစ္သင္းရဲ့ အေနအထားမွာ မရွိေနပါဘူး။ ဒါ့ေၾကာင့္လည္း ဘာစီလိုနာအသင္းဟာ လာမယ့္ ဇန္နဝါရီကာလမွာ အားနည္းခ်က္ေတြရွိေနတဲ့ အသင္းရဲ့ တိုက္စစ္ပိုင္းကို အားျဖည့္ဖို႔စဥ္းစားေနတယ္လို႔ သိရွိရပါတယ္။

Photo Credit: Irish Mirror.com

ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕မွာ အသက္အရြယ္ရလာတဲ့ တိုက္စစ္မွူး ဆြာရက္ဇ္ရဲ့ေနရာအတြက္ ပီအက္စ္ဂ်ီအသင္းမွာ ကစားေနတဲ့ အသင္းရဲ့ ကစားသမားေဟာင္း ေနမာကိုေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းဘက္က ႀကိဳးစားမွုတိုင္းကို ပယ္ခ်ခဲ့တာေၾကာင့္ ေနမာကို မေခၚယူနိုင္ခဲ့တာပါ။ ေနမာကို ေခၚယူဖို႔ႀကိဳးစားရင္းနဲ႔ ေႏြရာသီ အေျပာင္းအေရႊ႕ကို ကုန္ဆုံးခဲ့ရတဲ့ ဘာစီလိုနာအသင္းက လက္ရွိမွာေတာ့ အေထာင္တိုက္စစ္မွူးေကာင္းေကာင္းမရွိတဲ့ ျပႆနာရပ္နဲ႔ ရင္ဆိုင္ေနရၿပီး ဂရစ္ဇ္မန္း ၊ ဒမ္ဘီလီတို႔ဟာ ဆြာရက္ဇ္ရဲ့ေနရာအတြက္ အေျဖမဟုတ္ခဲ့ပါဘူး။

Photo Credit: Irish Mirror.com

လက္ရွိအခ်ိန္မွာေတာ့ စပိန္သတင္းစာေတြက ဘာစီလိုနာအသင္းဟာ အာဆင္နယ္အသင္းရဲ့ အသစ္စက္စက္ အသင္းေခါင္းေဆာင္ျဖစ္တဲ့ အူဘာမီယန္းကို လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕မွာ ကမ္းလွမ္းမွုျပဳလုပ္ေတာ့မယ္လို႔ အသီးသီးေဖာ္ျပခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့အပတ္မွာ အာဆင္နယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ဂိုး၅ဝေျမာက္ကို သြင္းယူေပးထားနိုင္ခဲ့တဲ့ အူဘာမီယန္းဟာ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲနဲ႔ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြမွာ ေရႊဖိနပ္ဆုေတြ အရယူနိုင္ခဲ့တဲ့ အူဘာမီယန္းဟာ ဆြာရက္ဇ္ရဲ့ ေနရာကို အေကာင္းဆုံးအစားဝင္နိုင္မယ့္သူဆိုတာ မယုံၾကည္စရာ အေၾကာင္းမရွိပါဘူး။

Photo Credit: Irish Mirror.com

ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ လန္ဒန္အေျခစိုက္သတင္းဌာနေတြရဲ့ ေဖာ္ျပခ်က္အရ အူဘာမီယန္းဟာ ယာယီအသင္းေခါင္းေဆာင္အျဖစ္ သတ္မွတ္ခံထားရေပမယ့္ ေပ်ာ္ရႊင္ျခင္းမရွိသလို အသင္းရဲ့အနာဂတ္အတြက္လည္း ပူပန္ေနတယ္လို႔ သိရွိရပါတယ္။ ဒါ့ေၾကာင့္ အူဘာမီယန္းဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖြယ္မရွိဘူးလို႔ ေဘာလုံးကၽြမ္းက်င္သူေတြက သုံးသပ္ထားၾကၿပီး အာဆင္နယ္အသင္းနဲ႔ ဘာစီလိုနာအသင္းတို႔ရဲ့ၾကားမွာ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတာေၾကာင့္ အူဘာမီယန္းနဲ႔ ဘာစီလိုနာတို႔ရဲ့ အေျပာင္းအေရႊ႕ဟာ ျဖစ္ေပၚလာနိုင္ဖြယ္ရွိတယ္လို႔ ခန္႔မွန္းထားၾကပါတယ္။

စပိန်လာလီဂါ အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ ယခုဘောလုံးရာသီမှာ နှစ်အတော်ကြာအောင် ဝေးကွာနေခဲ့တဲ့ ဥရောပရဲ့ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့ အတွက် ဂရစ်ဇ်မန်း ၊ ဒီဂျောင်စတဲ့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့် လက်ရှိ ရရှိထားတဲ့ရလဒ်ပိုင်းကတော့ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်မယ့် အသင်းတစ်သင်းရဲ့ အနေအထားမှာ မရှိနေပါဘူး။ ဒါ့ကြောင့်လည်း ဘာစီလိုနာအသင်းဟာ လာမယ့် ဇန်နဝါရီကာလမှာ အားနည်းချက်တွေရှိနေတဲ့ အသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့စဥ်းစားနေတယ်လို့ သိရှိရပါတယ်။

Photo Credit: Irish Mirror.com

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ အသက်အရွယ်ရလာတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာအတွက် ပီအက်စ်ဂျီအသင်းမှာ ကစားနေတဲ့ အသင်းရဲ့ ကစားသမားဟောင်း နေမာကိုခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းဘက်က ကြိုးစားမှုတိုင်းကို ပယ်ချခဲ့တာေကြာင့် နေမာကို မခေါ်ယူနိုင်ခဲ့တာပါ။ နေမာကို ခေါ်ယူဖို့ကြိုးစားရင်းနဲ့ နွေရာသီ အပြောင်းအရွှေ့ကို ကုန်ဆုံးခဲ့ရတဲ့ ဘာစီလိုနာအသင်းက လက်ရှိမှာတော့ အထောင်တိုက်စစ်မှူးကောင်းကောင်းမရှိတဲ့ ပြဿနာရပ်နဲ့ ရင်ဆိုင်နေရပြီး ဂရစ်ဇ်မန်း ၊ ဒမ်ဘီလီတို့ဟာ ဆွာရက်ဇ်ရဲ့နေရာအတွက် အဖြေမဟုတ်ခဲ့ပါဘူး။

Photo Credit: Irish Mirror.com

လက်ရှိအချိန်မှာတော့ စပိန်သတင်းစာတွေက ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ အသစ်စက်စက် အသင်းခေါင်းဆောင်ဖြစ်တဲ့ အူဘာမီယန်းကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုပြုလုပ်တော့မယ်လို့ အသီးသီးဖော်ပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး၅ဝမြောက်ကို သွင်းယူပေးထားနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ရွှေဖိနပ်ဆုတေွ အရယူနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ ဆွာရက်ဇ်ရဲ့ နေရာကို အကောင်းဆုံးအစားဝင်နိုင်မယ့်သူဆိုတာ မယုံကြည်စရာ အကြောင်းမရှိပါဘူး။

Photo Credit: Irish Mirror.com

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ လန်ဒန်အခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ အူဘာမီယန်းဟာ ယာယီအသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရပေမယ့် ပျော်ရွှင်ခြင်းမရှိသလို အသင်းရဲ့အနာဂတ်အတွက်လည်း ပူပန်နေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖွယ်မရှိဘူးလို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပြီး အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့် အူဘာမီယန်းနဲ့ ဘာစီလိုနာတို့ရဲ့ အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။