ဘာစီလိုနာအသင္းဟာ တိုက္စစ္မႉး ဆြာရက္စ္ကို ဒူးဒဏ္ရာ ခြဲစိတ္ခဲ့ၿပီး (၄) လၾကာ အသုံးျပဳလို႔ ရမွာ မဟုတ္တာေၾကာင့္ သူ႔ရဲ႕ ေနရာကို အစားထိုးဖို႔ အာဆင္နယ္ တိုက္စစ္မႉး အူဘားမိယန္းကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။ ဘာစီလိုနာအသင္းဟာ တိုက္စစ္မႉး ဂရစ္စမန္း၊ မက္ဆီ နဲ႔ ကာလက္စ္ ပီရက္စ္တို႔လို ကစားသမားေတြကို ပိုင္ဆိုင္ထားေပမဲ့ ဆြာရက္စ္ရဲ႕ ေနရာကို သီးသန႔္အစားထိုးဖို႔ ကစားသမားသစ္ လိုခ်င္ေနၿပီး အူဘားမိယန္းက ဦးစားေပး ပစ္မွတ္ ျဖစ္ေနပါတယ္။

Photo Credit: Givemesports

အူဘားမိယန္းဟာ (၂၀၁၈) ခုႏွစ္၊ ဇန္နဝါရီလ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ ဂန္းနားအသင္းကို ေရာက္ရွိလာခဲ့ၿပီး ပရီးမီးယားလိဂ္ ပြဲစဥ္ေပါင္း (၉၁) ပြဲမွာ (၅၇) ဂိုး သြင္းယူထားသလို ဒီရာသီမွာ (၁၄) ဂိုးအထိ သြင္းယူထားတာ ျဖစ္ပါတယ္။ နည္းျပ အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ အူဘားမိယန္းရဲ႕ သြင္းဂိုး အကူအညီသာ မရွိခဲ့ဘူး ဆိုရင္ လက္ရွိ အေျခအေနထက္ ပို ဆိုးႏိုင္ၿပီး အူဘားမိယန္းကို အသင္းကေန မထြက္သြားေအာင္ ျဖစ္ႏိုင္သမွ်နည္းနဲ႔ တားဖို႔ အေရးႀကီးပါတယ္။

Photo Credit: Givemesports

ကတၱလန္အေျခစိုက္ Mundo Deportivo သတင္းက ဘာစီလိုနာအသင္းဟာ အသက္ (၃၀) ႏွစ္ အ႐ြယ္ အူဘားမိယန္းကို ဒဏ္ရာ ျပႆနာနဲ႔ လုံးပန္းေနရတဲ့ တိုက္စစ္မႉး ဆြာရက္စ္ရဲ႕ ေနရာမွာ အစားထိုးဖို႔ စိတ္ဝင္စားေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ အူဘားမိယန္းကို ေခၚယူဖို႔ ႀကိဳးစားတဲ့ အခ်ိန္မွာ သူနဲ႔ ဒမ္လီလီရဲ႕ ဆက္ဆံေရး၊ သူနဲ႔ အမ္တီတီရဲ႕ ဆက္ဆံေရးက အေထာက္အကူ အမ်ားႀကီး ျဖစ္ေစလိမ့္မယ္လို႔ ယုံၾကည္ေနလ်က္ ရွိတယ္လုိ႔ သိထားရပါတယ္။

{Unicode}

ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဆွာရက်စ်ကို ဒူးဒဏ်ရာ ခွဲစိတ်ခဲ့ပြီး (၄) လကြာ အသုံးပြုလို့ ရမှာ မဟုတ်တာကြောင့် သူ့ရဲ့ နေရာကို အစားထိုးဖို့ အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဂရစ်စမန်း၊ မက်ဆီ နဲ့ ကာလက်စ် ပီရက်စ်တို့လို ကစားသမားတွေကို ပိုင်ဆိုင်ထားပေမဲ့ ဆွာရက်စ်ရဲ့ နေရာကို သီးသန့်အစားထိုးဖို့ ကစားသမားသစ် လိုချင်နေပြီး အူဘားမိယန်းက ဦးစားပေး ပစ်မှတ် ဖြစ်နေပါတယ်။

Photo Credit: Givemesports

အူဘားမိယန်းဟာ (၂၀၁၈) ခုနှစ်၊ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဂန်းနားအသင်းကို ရောက်ရှိလာခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ်ပေါင်း (၉၁) ပွဲမှာ (၅၇) ဂိုး သွင်းယူထားသလို ဒီရာသီမှာ (၁၄) ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ အူဘားမိယန်းရဲ့ သွင်းဂိုး အကူအညီသာ မရှိခဲ့ဘူး ဆိုရင် လက်ရှိ အခြေအနေထက် ပို ဆိုးနိုင်ပြီး အူဘားမိယန်းကို အသင်းကနေ မထွက်သွားအောင် ဖြစ်နိုင်သမျှနည်းနဲ့ တားဖို့ အရေးကြီးပါတယ်။

Photo Credit: Givemesports

ကတ္တလန်အခြေစိုက် Mundo Deportivo သတင်းက ဘာစီလိုနာအသင်းဟာ အသက် (၃၀) နှစ် အရွယ် အူဘားမိယန်းကို ဒဏ်ရာ ပြဿနာနဲ့ လုံးပန်းနေရတဲ့ တိုက်စစ်မှူး ဆွာရက်စ်ရဲ့ နေရာမှာ အစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အူဘားမိယန်းကို ခေါ်ယူဖို့ ကြိုးစားတဲ့ အချိန်မှာ သူနဲ့ ဒမ်လီလီရဲ့ ဆက်ဆံရေး၊ သူနဲ့ အမ်တီတီရဲ့ ဆက်ဆံရေးက အထောက်အကူ အများကြီး ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေလျက် ရှိတယ်လို့ သိထားရပါတယ်။