ဘာစီလိုနာအသင်းဟာ အာဆင်နယ်အသင်းရဲ့ ဘရာဇီးလ်နောက်ခံကစားသမား ဂါဘရီရယ်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေတာကြောင့် ကစားသမားကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်းဘက်က စိတ်ဝင်စားနေတဲ့ မန်ဖစ်ဒီပိုင်း အပါအဝင် ကစားသမား(၃)ဦးထဲက အာဆင်နယ် လိုချင်မယ့် ကစားသမားတစ်ဦးဦးနဲ့ အလိုက်ပေး ကမ်းလှမ်းသွားဖို့အထိပါ ပြင်ဆင်နေတယ်လို့ စပိန်အခြေစိုက် Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Gabriel Magalhaes could make the switch to the Nou Camp this summer.

Photo Credit : The Sun

Sport ရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဘရာဇီးလ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဂါဘရီရယ်ကို အာဆင်နယ်ကနေ အရခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဒီပိုင်း ဘရာဇီးလ်ဂိုးသမား နက်တို စပိန်ကွင်းလယ်ကစားသမားလေး ရစ်ကီပွတ်ချ်တို့ထဲက ကစားသမားတစ်ဦးကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာနည်းပြဇာဗီကလည်း ဘယ်ခြေအားသန်တဲ့ ဂါဘရီရယ်ကို အသင်းရဲ့ခံစစ်အတွက် အလိုရှိနေပြီး အသင်းရဲ့ခံစစ်မှာ ဝါရင့်နောက်ခံလူ ပီကေးနဲ့ တွဲဖက်ဖို့အတွက် ဒါမှမဟုတ် အသင်းကို ရောက်ရှိလာတော့မယ့် နောက်ခံလူသစ် ခရစ္စတန်ဆန်နဲ့ တွဲဖက်ဖို့အတွက် ဂါဘရီရယ်ကို လိုအပ်နေတာ ဖြစ်ပါတယ်။

Gabriel Magalhães, Dominic Calvert-Lewin, Paul Pogba Lead Fantasy Premier  League Gameweek 2 Sleepers

Photo Credit : Forbes

အသက်(၂၄)နှစ်အရွှယ်ရှိ နောက်ခံကစားသမား ဂါဘရီရယ်ဟာ ၂၀၂ဝခုနှစ်ကမှ လိုင်လီကနေ အာဆင်နယ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တို်အတွင်းမှာပဲ ဂန်းနားတို့ရဲ့ အဓိကနောက်ခံလူတစ်ဦး ဖြစ်လာခဲ့ရသလို ဒီရာသီမှာလည်း ဘင်ဝှိုက်နဲ့အတူ အာဆင်နယ်ခံစစ်မှာ ပွဲတိုင်းနီးပါး ပါဝင်ကစားနေရသူ ဖြစ်ပါတယ်။ ဒီကစားသမားကို အလိုရှိလာခဲ့တဲ့ ဘာစီလိုနာအသင်းက ဂါဘရီရယ်အတွက် ပြောင်းရွှေ့ကြေးသက်သက် မသုံးစွဲနိုင်တာကြောင့် အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဒီပိုင်း နက်တို ရစ်ကီပွတ်ချ်တို့ထဲက ကစားသမားတစ်ဦးဦးရယ် ပြောင်းရွှေ့ကြေးတချို့ရယ်နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားထဲမှာတော့ ဒီရာသီမှ ဘာစီလိုနာကို ရောက်ရှိလာခဲ့တဲ့ နယ်သာလန် တိုက်စစ်ကစားသမား ဒီပိုင်းကတော့ အာဆင်နယ်နဲ့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး အာဆင်နယ်ကလည်း လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို ဦးစားပေး ပြင်ဆင်သွားရဖွယ် ရှိနေတာကြောင့် ဒီပိုင်းကို ပြန်လည်အလိုရှိချင်မှာ ဖြစ်ပေမယ့် ဂါဘရီရယ်က အသင်းအတွက် အလွန်အရေးပါသူ ဖြစ်နေတာကြောင့် ကစားသမား+ပြောင်းရွှေ့ကြေး ကမ်းလှမ်းမှုကိုလည်း အာဆင်နယ်ဘက်က ပယ်ချသွားဖွယ်သာ ရှိနေရပါတယ်။